ပဲခူး၊ အောက်တိုဘာ ၄
မလေးရှားနိုင်ငံမှာ အခက်အခဲနဲ့ ဒုက္ခမျိုးစုံ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံသားများကို တပ်မတော် စစ်ရေယာဉ်ကြီးဖြင့် ဒီနေ့ အောက်တိုဘာ ၄ ရက်မှာတော့ အမိမြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက မော်တော်ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်လာခဲ့ရာ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းသို့ ရောက်ရှိခဲ့သည်။
မလေးရှားနိုင်ငံမှ နေရပ်ပြန်ပြည်သူများတွင် ပဲခူးတိုင်းဒေသကြီး ခရိုင်(၆)ခုမှ ကျား(၉၂)ဦး၊ မ(၁၀)ဦး စုစုပေါင်း(၁၀၂)ဦးပါရှိခဲ့ပြီး ခရိုင်/မြို့နယ်တာဝန်ရှိသူများနှင့် မိသားစုများထံ စနစ်တကျ လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လာရောက်ကြိုဆိုကြသည့် မိသားစုဝင်များ၏ ပီတိအပြုံးတွေနဲ့ ဝမ်းသာမျက်ရည်တွေ တွေ့ရှိခဲ့ရပြီး အခက်အခဲတွေကြားကနေ ကိုယ့်နိုင်ငံသားတွေကို အမြန်ဆုံး ပြန်လည်ခေါ်ဆောင်ပေးခဲ့တဲ့ နိုင်ငံတော် သမ္မတကြီး၏ စေတနာနဲ့ တပ်မတော်ရဲ့ ကြိုးပမ်းဆောင်ရွက်မှု တွေကိုလည်း လေးစားဂုဏ်ပြု တင်ပြအပ်ပါသည်။
#News #Myanmar












No comments:
Post a Comment