ပြည်ဖျက်မီဒီယာတွေက ဖော်ပြလာလို့ ကုလသမဂ္ဂ ငမိုက်သား ကျော်မိုးထွန်း ရှိုက်ကြီးတငင် ငိုကြွေးနေပုံနဲ့ သူရဲ့ လုပ်ကြံဖန်တီး ပြောဆိုချက်တွေကို သတိပြုလိုက်ပါတယ်။ ငမိုက်သား ကျော်မိုးထွန်း က အောက်တိုဘာ ၂၇ ရက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၈ ရက်) တွင် ကျင်းပသည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၏ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြခဲ့ခြင်းဖြစ်တယ်လို့ ပြည်ဖျက်မီဒီယာတွေက ဖော်ပြကြပါတယ်။
ငမိုက်သား ကျော်မိုးထွန်းရဲ့ ပြောစကားတွေကို မြန်မာမှုပြုရာမှာ “ကျွန်တော့်ရဲ့ လက်ထဲမှာ စကာဖ် (ပုဝါ) တစ်ထည်ကို ကိုင်ထားပါတယ်။ အဲဒါဟာ ကျွန် တော်တိုရဲ့ တော်လှန်ရေးအသိုက်အဝန်း Theater 21 ရဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုးဖက်ရှင်အသုံးအဆောင် ပုဝါတစ်ထည် မဟုတ်ပါဘူး။ ဒီပုဝါပေါ်မှာ ကျွန်တော်တိုရဲ့ ကျဆုံးသွားရတဲ့ သူရဲကောင်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အမည်နာမတွေကို ရေးထိုးထားပါတယ်။ လွတ်လပ်မှုအတွက် အသက်ပေးလှူသွားခဲ့ကြတဲ့ ရဲရင့်သူတွေနဲ့ အပြစ်မဲ့ပြည်သူတွေ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒါက မြန်မာမှုပြုထားလို့ပါ အင်္ဂလိပ်ဗားရှင်းနဲ့ ပြောတဲ့နေရာမှာ innocent civilian ဆိုတဲ့ အသုံးအနှုန်းဟာ အင်မတန်လေးနက်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ငမိုက်သား ကျော်မိုးထွန်းက NUG, CRPH အကြမ်းဖက်အဖွဲ့များရဲ့ နီပိန်း ပဒက် အကြမ်းဖက်သမားတွေကို အပြစ်မဲ့ ပြည်သူတွေလို့ သုံးနှုန်းပြီး ငိုပြလိုက်တဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံအပေါ်၊ မြန်မာ့တပ်မတော်အပေါ် နိုင်ငံတကာအသိုက်အဝန်းက များစွာ အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
ငမိုက်သား ကျော်မိုးထွန်းပြောတဲ့ အပြစ်မဲ့ ပြည်သူတွေပါဆိုတဲ့ နီပိန်း ပဒက် အကြမ်းဖက်သမားများ (PDF အကြမ်းဖက်အဖွဲ့ဝင်များ) ကို လက်နက်တပ်ဆင်ပေးခဲ့တာ ဘယ်သူတွေလဲ။ ကျော်မိုးထွန်း ကိုယ်တိုင်ပါဝင်တဲ့ NUG အကြမ်းဖက်အဖွဲ့က လက်နက်တပ်ဆင်ပေးခဲ့တာပဲ မဟုတ်လား။ အဲဒီ နီပိန်း ပဒက်တွေက တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေကို ငမိုက်သား ကျော်မိုးထွန်း က ထည့်သွင်းပြောဆိုခြင်း မရှိဘူး။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ နီပိန်း ပဒက် အကြမ်းဖက်သမားတွေဟာ သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ ကိုပါ မချန် ၎င်းတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ပြည်သူတွေ၊ တစ်နည်းအားဖြင့် အေးချမ်းစွာ နေထိုင်လိုတဲ့ ရဟန်းရှင်လူပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ရာမှာ သောင်းနဲ့ချီတဲ့ အပြစ်မဲ့ ရဟန်းရှင်းလူပြည်သူတွေ သေဆုံးခဲ့ရပါတယ်။
ဆိုတော့ ကုလသမဂ္ဂလို နေရာမျိုးမှာ ငမိုက်သားကျော်မိုးထွန်း က ဆွေးနွေးတင်ပြရာမှာ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်ကိုတော့ အပြစ်မဲ့ပြည်သူများ အသက်ပေးလှူသွားခဲ့ကြရပါတယ်လို့ ငိုချင်းချပြီး ပြောခဲ့တယ်။ ဆိုရင် အဲဒီ နီပိန်း ပဒက် အကြမ်းဖက်သမားတွေ ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်ပေါင်း သောင်းဂဏန်း ရှိပါပြီလို့ ထည့်သွင်းပြောဆိုခဲ့မယ်ဆိုရင် ကျော်မိုးထွန်း ဟာ ကုလသမဂ္ဂမှာ မြန်မာပြည်ကို ကိုယ်စားပြုပြီး ပြောနေတယ်လို့ အပြုသဘောမြင်နိုင်မှာ ဖြစ်ပါတယ်။
ငမိုက်သား ကျော်မိုးထွန်း က တပ်မတော်က နှိမ်နင်းလို့ သေဆုံးသွားတဲ့ အကြမ်းဖက်သမားတွေအတွက် ဝမ်းနည်းလွန်းလို့ မျက်ရည်ကျခဲ့ပေမယ့် နီပိန်း ပဒက် အကြမ်းဖက်သမားတွေ သတ်လို့ သေဆုံးခဲ့ရတဲ့ ရဟန်းရှင်လူ ပြည်သူတွေအကြောင်း တစ်ခွန်းတစ်ပါဒမျှ ထည့်သွင်းပြောဆိုခြင်းမရှိတဲ့ လုပ်ရပ်ဟာ ငမိုက်သား ကျော်မိုးထွန်း သည် မြန်မာပြည် (မြန်မာပြည်သူများ) ကို ကိုယ်စားပြုခြင်း မရှိဘဲ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေအဖြစ်နဲ့သာ လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သက်သေခံချက် ဖြစ်ပါတယ်။
တကယ်တော့ ကျော်မိုးထွန်း ကို မြန်မာအစိုးရက တရားဝင်ခန့်အပ်ထားခြင်း မရှိသလို American Bank မှာ ရှိတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ထားလို့ ဝရမ်းထုတ်ဆင့်ခံထားရတဲ့ ဝရမ်းပြေးတစ်ဦးပါ။ ပြည်သူ့ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ပြီး NUG နဲ့ ပူးပေါင်းသွားတဲ့ ငမိုက်သား ကျော်မိုးထွန်း ဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် အဆိုးဆုံးအခြေအနေအထိ သစ္စာဖောက်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာတာဟာ ဘယ်လိုမှ သည်းခံလို့ မရပါဘူး။
ငမိုက်သား ကျော်မိုးထွန်း ပြောတဲ့ innocent civilian ဆိုတဲ့ နီပိန်း ပဒက် အကြမ်းဖက်သမားတွေကို သေကြောင်းကြံခဲ့တာ၊ သေတွင်းထဲ တွန်းပို့ခဲ့တာဟာ ငမိုက်သား ကျော်မိုးထွန်း ပါဝင်နေတဲ့ NUG, CRPH အကြမ်းဖက်အဖွဲ့ဝင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေပဲ မဟုတ်ပါလား။ သူတို့ကိုယ်တိုင်က အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ သြစတေးလျတို့ကို ထွက်ပြေးကြပြီး နီပိန်းတွေကိုတော့ KNU, KIA အကြမ်းဖက်အဖွဲ့တွေထံ စေလွှတ်ပြီး အကြမ်းဖက်သင်တန်းတက် လက်နက်ခဲယမ်းပေးပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ပြီး ဖျက်ဆီးခိုင်းခြင်းကြောင့် နီပိန်း ငမိုက်သားတွေဟာ အကြမ်းဖက်သမားများအဖြစ်နဲ့ ကိုယ့်ရွာသူရွာသားအချင်းချင်း သတ်၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတွေကို ဖျက်ဆီး၊ လမ်းတံတားတွေ အစိုးရအဆောက်အဦတွေကို ဖျက်ဆီးတဲ့ အကြမ်းဖက်သမားများအဖြစ်နဲ့ လှုပ်ရှားခဲ့ကြတယ်။ အဲဒီလို အကြမ်းဖက်သမားတွေကို တပ်မတော်က မနှိမ်နင်းဘဲ လက်ပိုက်ကြည့်နေရင် ဒီနေ့ ဒီအချိန် မြန်မာပြည်မှာ နီပိန်း ပဒက် အကြမ်းဖက်သမားသတ်လို့ သေရတဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းဟာ သိန်းဂဏန်းချီသွားမယ်။
ငမိုက်သား ကျော်မိုးထွန်း ရဲ့ ပြောဆိုချက်မှာ “ဒီနစ်နာဆုံးရှုးခဲ့ရသူတွေဟာ မျိုးဆက်ပေါင်းစုံ ပါဝင်နေပါတယ်။ သူတို့ရဲ့ အနာဂတ်တစ်ခုလုံးဟာ စစ်ကောင်စီရဲ့ ကျည်ဆံတွေ၊ ဗုံးတွေကြောင့် အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ လုယူဖျက်ဆီးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော် ဒီနေ့ ဒီနေရာမှာ ရိုးရှင်းပေမဲ့ လှိုက်လှိုက်လှဲလှဲ တောင်းဆိုချက်တစ်ခုနဲ့ ရပ်တည်နေပါတယ်။ ဒီပုဝါပေါ်မှာ နောက်ထပ် အမည်တွေ ထပ်မံဖြည့်စွက်ရေးထိုးရတာမျိုး ကျွန်တော် မလိုချင်တော့ပါဘူး။ ကျွန်တော်တိုရဲ့ သူရဲကောင်းတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ ကျွန်တော်တိုရဲ့ ကလေးသူငယ်တွေ၊ လူငယ်တွေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ လူကြီးမိဘတွေကို နောက်ထပ်ဆုံးရှုံးရမှုကို ကျွန်တော်တို့ ဘာမှမခံစားနိုင်တော့ပါဘူး” လို့ ပြောသွားပါသေးတယ်။
ငမိုက်သား ကျော်မိုးထွန်း ရဲ့ ပြောဆိုချက်တွေက ပြောင်မြောက်လှပါပေတယ်လို့ နီပိန်း အသိုင်းအဝိုင်းက သြဘာပေးကြလိမ့်မယ်။ သူပြောတဲ့ ကျည်ဆံတွေ၊ ဗုံးတွေကြောင့် အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ လုယူဖျက်ဆီးခံရတဲ့ နေရာမှာ - နီပိန်း ပဒက် အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေကို ဖြည့်စွက်ဖို့ ကျန်နေခဲ့တာဟာ ငမိုက်သား ကျော်မိုးထွန်းရဲ့ မဟာ အမှားတစ်ခုဖြစ်ပါတယ်။ တပ်မတော်က အကြမ်းဖက်သမား နှိမ်နင်းရေး လုပ်ဆောင်ရာမှာ တိကျမှန်ကန်တဲ့ စုံစမ်းထောက်လှမ်းရေးနဲ့ အကြမ်းဖက်သမားနှိမ်နင်းရေးကိုပဲ ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နီပိန်း ပဒက် အကြမ်းဖက်သမားတွေကတော့ စာသင်ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ စာသင်ကျောင်းပေါ်ကို ဒရုန်းအသုံးပြုပြီး ဒရော့ဗုံးပစ်ချတိုက်ခိုက်တယ်။ ဒီလုပ်ရပ်က ဘယ်လို ရည်ရွယ်ချက်လဲ။ စာပေသင်ကြား သင်ယူနေတဲ့ ကျောင်းသားလူငယ်များ၊ ဆရာ ဆရာမ အားလုံးကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တွေပဲ မဟုတ်လား။ ဘုန်းတော်ကြီးကျောင်းတွေကို ဓားမြဝင်တိုက်တယ်။ ဆရာတော် သံဃာတော်တွေကို ရက်စက်စွာ သတ်ဖြတ်ထားခဲ့တယ်။ သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ပြည်သူတွေကို အုပ်စုဖွဲ့ လက်နက်နဲ့ ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်စက်စွာ သတ်ခဲ့ကြတယ်။ တချို့ဆိုရင် နေအိမ်မှာပဲ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံရတဲ့ အခြေအနေမျိုးတွေ ကြုံခဲ့ရတယ်။
ငမိုက်သားကျော်မိုးထွန်း အနေနဲ့ နောက်ထပ်ဆုံးရှုံးရမှုကို ဘာမှမခံစားနိုင်တော့ပါဘူး ဆိုရင် မင်းတို့ကိုယ်တိုင် စစ်သွေးကြွဖြစ်အောင် မြှောက်ပေးထားတဲ့ မင်းတို့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ နီပိန်း ပဒက်တွေကို ဆက်ပြီး မိုက်ရိုင်းစော်ကားမနေကြဖို့၊ တော်လှန်ရေးလို့ အကြောင်းပြပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လိုက်လံ သတ်ဖြတ်တဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့ ပြောလိုက်ရင် နောက်ထပ် ဆုံးရှုံးစရာ ဘာအကြောင်းမှ မရှိတော့ပါဘူး။ အခုတော့ မင်းဟာက နီပိန်း ပဒက် အကြမ်းဖက်သမားတွေ သေရတာကိုတော့ innocent civilian ပါလို့ ခေါင်းစဉ်တပ်ပြီး မင်းတို့ရဲ့ လက်ပါးစေ နီပိန်း ပဒက် အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ သေတာကိုတော့ မင်းမှာ စာဖွဲ့ပြီး ငိုရကောင်းမှန်း မသိတဲ့ ငမိုက်သား ကျော်မိုးထွန်းရဲ့ အသိဉာဏ် ဆင်ခြင်တုံတရားဟာ ခွေးသာသာလို့ ပြောရင်တောင် ခွေးသိက္ခာကျရမယ်။
ဒီလို ကောင်မျိုးကို ဝရမ်းထုတ်ထားပြီး တိတိကျကျ အရေးယူဆောင်ရွက်နိုင်ရေး ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ မရှိတဲ့အတွက်ကြောင့်လည်း ဒီကောင်ဟာ တစ်နေ့အခြား ပိုပြီး ဆိုသွမ်းတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ တိုင်းပြည်ရဲ့ ပုံရိပ်ကို အဆိုးဆုံးအခြေအနေအထိ ရောက်အောင် NUG အကြမ်းဖက်အဖွဲ့ အလိုကျ လုပ်ဆောင်လာနေပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက တာဝန်ရှိသည့်အလျှောက် ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်ကြဖို့ကိုလည်း အလေးအနက်ထား တိုက်တွန်းလိုပါတယ်။
ငမိုက်သား ကျော်မိုးထွန်းရဲ့ ငိုချင်းအပြီးမှာ သတင်းအဖြစ်ထုတ်ပြန်ချက် ဆိုတဲ့ စာတစ်စောင် ထွက်လာပြန်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် (၇၂) နိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာက ယနေ့အချိန်မှာ မြန်မာအစိုးရက ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်မရှိတဲ့အတွက် မြန်မာကို အလွဲသုံးစား လုပ်နေတာဟာ ငမိုက်သား ကျော်မိုးထွန်းပါ။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မြန်မာပြည်ကို ကိုယ်စားပြုထင်ဟပ်ခြင်း တစ်စိတ်တစ်ဒေသမှ မရှိပါဘူး။
ဒီထုတ်ပြန်ချက်မှာ ဆိုရင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင်စီတွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးခေါင်းစဉ်ဖြင့် နှစ်စဉ်ပြုလုပ်သည့်တံခါးဖွင့်အစည်းအဝေးကို ၂၇-၁၀-၂၀၂၆ ရက်နှင့် ၂၈-၁၀-၂၀၂၆ ရက်နေ့တွင် ကျင်းပလျက်ရှိကြောင်း၊ အဆိုပါအစည်းအဝေးမကျင်းပမီ Shared Commitments on Women, Peace and Security အား အတည်ပြုထားကြသည့် လက်ရှိ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ကိုလံဘီယာ၊ ဒိန်းမတ်၊ ပြင်သစ်၊ လက်ဗီးယား၊ လိုင်ဘီးရီးယား၊ ပနားမား၊ ယူကေနှင့် ဂရိနိုင်ငံတို့မှ ဦးဆောင်လျက် “အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက် (Women, Peace and Security Joint Statement)” အား ၂၇-၁၀-၂၀၂၆ ရက်၊ မွန်းလွဲတွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းပူးတွဲထုတ်ပြန်ချက်ကို မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်(၇၂) နိုင်ငံနှင့် ဥရောပသမဂ္ဂတို့က ပူးတွဲအဆိုရှင်များအဖြစ် ပါဝင်ထောက်ခံအတည်ပြုခဲ့ကြပြီး ဂရိနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Giorgos Gerapetritis က လုံခြုံရေးကောင်စီ Media Stake-in ၌ ဖတ်ကြားခဲ့ကြောင်း၊ အတည်ပြုခဲ့သည့်ပူးတွဲထုတ်ပြန်ချက်တွင် အောက်ပါအချိန်များကို အဓိကဖော်ပြထားပါသည် -
- ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်အားလုံး၌ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်အား ထည့်သွင်းရေး၊ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခံစားရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရေး၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စော်ကားမှုများအားလုံးကို ပြင်းထန်စွာ ရှုတ်ချရေး၊
- ထို့ပြင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးသတ် ချုပ်ငြိမ်းစေရန် သန္နိဋ္ဌာန်ချမှတ်ထားရှိမှုကို ထပ်လောင်းအတည်ပြုကာ တာဝန်ခံမှုရှိစေရေး အစီအမံများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ လုပ်ဆောင်ချက်များက အရေးကြီးကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ဆက်စပ်၍ တရားစွဲဆိုရေးကွန်ရက်ဖွဲ့စည်းခဲ့မှုကို ကြိုဆိုမှု၊
- ထို့နောက် အကြမ်းဖက်မှုခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် ဘက်စုံဖြစ်သော အသက်ကယ်ဆယ်ရေးဆိုင်ရာအကူအညီများ ပေးအပ်ရန် လိုအပ်နေခြင်းအတွက် ကြိုတင်ခန့်မှန်း တွက်ချက်နိုင်ပြီး လုံလောက်၍ ရေရှည်တည်တံ့သောဘဏ္ဍာရေးရန်ပုံငွေများ ပံ့ပိုးပေးရန်တောင်းဆိုမှု၊
- ထို့အတူ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် အခြားသူများ၏ လုပ်ဆောင်ချက်များကို ချီးကျူးမှုကာ တိုးတက်လာသည့် နည်းပညာများကို အပြုသဘောနှင့် အကျိုးရှိစွာ အသုံးပြုရန်နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဤကိစ္စရပ်အတွက် အမျိုးသားရေးအဆင့် စီမံကိန်းများကို အတည်ပြုချမှတ်ရန် တောင်းဆိုမှု။
အဆိုပါဖော်ပြချက်များသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာစေရေး ကြိုးပမ်းမှုများနှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်အပေါ်ထားရှိသည့် မြန်မာနိုင်ငံ၏မူသဘောထားများနှင့် ကိုက်ညီမှုရှိပါသဖြင့် ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒီလုပ်ရပ်တွေဟာ ငမိုက်သား ကျော်မိုးထွန်း အနေနဲ့ မြန်မာပြည်သူများကို ကိုယ်စားပြုခြင်းမရှိဘဲ မြန်မာနိုင်ငံ၊ မြန်မာ့ပုံရိပ်ကို အလွန်အမင်း အလွဲသုံးစားလုပ်နေခြင်း ဖြစ်ပါတယ်။ ငမိုက်သား ကျော်မိုးထွန်းရဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်သူများကို ကိုယ်စားပြုပြီး အပြုသဘောဆန်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ မြန်မာ့ပုံရိပ်ကို NUG အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းပြီး ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေသာ ဖြစ်ခြင်းကြောင့် ငမိုက်သား ကျော်မိုးထွန်းရဲ့ လုပ်ရပ်မျာကို ပြင်းထန်ပြတ်သားစွာ ကန့်ကွက်ကြောင်း၊ ကုလသမဂ္ဂစင်မြင့်ထက်မှာ နီပိန်း ပဒက် အကြမ်းဖက်သမားများကို innocent civilian လို့ သုံးနှုံးပြီး နိပိန်း ပဒက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် သေဆုံးခဲ့ရတဲ့ သောင်းနဲ့ချီသော ရဟန်းရှင်လူပြည်သူများအတွက် ကိုယ်စားပြုပြောဆိုသွားခြင်း မရှိသော ငမိုက်သား ကျော်မိုးထွန်းရဲ့ အကြမ်းဖက်အားပေးလုပ်ရပ်များ ရပ်တန်းက ရပ်သင့်ပြီဖြစ်ပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
#News #Myanmar

No comments:
Post a Comment