သထုံမြို့၌ (၃၄)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်များ စုပေါင်းလောင်းလှူပွဲ ကျင်းပပြုလုပ် ‎ - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့၌ (၃၄)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်များ စုပေါင်းလောင်းလှူပွဲ ကျင်းပပြုလုပ် ‎






‎သထုံ၊ အောက်တိုဘာ  ၂၆

‎မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများကြီးမှူး၍ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ သံဃာ့မဟာပဝါရဏာပြုပွဲနှင့် ပဝါရဏာပြုသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူခြင်းကို သီတင်းကျွတ်လပြည့်‌(အဘိဓမ္မာအခါတော်နေ့) မွန်းလွဲပိုင်းက လေးဆူဓာတ်စံရွှေစာရံစေတီတော် တောင်ဖက်မုခ်အနီးရှိ ကလျာဏီသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

‎သံဃပဝါရဏာပြုပွဲတွင် မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ စန္ဒိမာ အရှင်သူမြတ်မှ ဦးဆောင်၍ သံဃာတော်အပေါင်းက နမောတဿသုံးကြိမ် ရွတ်ဆို၍ဖွင့်လှစ်ခြင်း၊ ပဝါရဏာပြုသံဃာ့အရေအတွက်ဖတ်ကြားခြင်း၊ ပဝါရဏာအမေးအဖြေပြုခြင်း၊ ဝါစဉ်အလိုက် သံဃာ့ပဝါရဏာပြုခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော်များ ပွားများပူဇော်ခြင်း၊ ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား စုပေါင်းပူဇော်ကန်တော့ကြပြီး ဆရာတော်ကြီးများထံမှ ဂိုဏ်းပေါင်းစုံ သံဃာတော်များက အဆုံးအမဩဝါဒများခံယူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

‎ယင်းနောက် ပဝါရဏာပြုတော်မူကြသည့် သံဃာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦး‌ဇော်မိုးစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့သူမြို့သား စေတနာရှင်အလှူရှင်များစု‌ပေါင်းကာ စာရေးတံမဲများ ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူပူဇော်ခြင်းတို့ကို တပျော်တပါး ပြုလုပ်ခဲ့ကြသည်။

‎အဆိုပါမဟာပဝါရဏာပြုရာသို့ သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့၌ ဝါဆိုဝါကပ်တော်မူခဲ့ကြသည့် ဂိုဏ်းပေါင်းစုံသံဃာတော်အရှင်သူမြတ် စုစုပေါင်း ၆၄၉ ပါးတက်ရောက် ပဝါရဏာပြုတော်မူခဲ့ကြကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)