တနင်္သာရီတိုင်းဒေသကြီးအတွင်းရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သည့်နေရာများတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေး နှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက် မြန်ဆန်စွာအင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအတွင်းရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သည့်နေရာများတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေး နှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက် မြန်ဆန်စွာအင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ











ထားဝယ်၊ အောက်တိုဘာ ၄

တနင်္သာရီတိုင်းဒေသကြီးအတွင်းမိုးသည်းထန်စွာစံချိန်တင်ရွာသွန်းမှုနှင့်လပြည့်ရက်မြစ်ရေပြည့်ချိန်တို့ တိုက်ဆိုင် ၍ထားဝယ်မြို့၊သရက်ချောင်းမြို့၊လောင်းလုံးမြို့၊ပုလောမြို့၊ တနင်္သာရီမြို့တို့ ရှိရပ်ကွက်/ကျေးရွာအချို့တွင်ရေကြီး ရေလျှံမှုများနှင့်အချို့ဒေသများတွင်မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီးအဓိကအနေဖြင့်လောင်းလုံးမြို့နယ်အတွင်း ဘေး အန္တရာယ်ကျရောက်နေသည့် ပြည်သူများအားရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်လူနာကူညီ ကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် ထိရောက်မြန်ဆန်စွာ အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ လောင်းလုံး -ကျောက်နီမော်-ရှင်မော်လမ်းမကြီးပေါ်ရှိနေရာအချို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တို့၏စီမံကွပ်ကဲမှုဖြင့် သဘာဝဘေးအန္တရာယ် ကြောင့်ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာစေရန်အတွက် တပ်မတော်သားများ ၊ရဲတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ များ၊လူမှုကူညီရေးအသင်းအဖွဲ့များ နှင့် နယ်မြေခံတိုင်းရင်းသားပြည်သူများပူးပေါင်း၍ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊လမ်းကြောင်းရှင်းလင်းရေး၊ကျန်းမာရေး စောင့်ရှောက်မှုနှင့် သန့်ရှင်းရေး လုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက် လျက် ရှိသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တို့ ၏စီမံကွပ်ကဲမှုဖြင့်ပူးပေါင်းအဖွဲ့ များ က လောင်းလုံးနှင့်ညင်းမော်ရွာကြားရဟန္တာ ငါးရာဘုရားလမ်းတွင် ပြည်သူများအန္တရာယ်ကင်းရှင်းစွာ ဘုရားကြည်ညို ဖူးမြော်နိုင်ရန် အတွက်စက်ယန္တရားများဖြင့်လမ်းမကြီးများပေါ်ရှိပိတ်ဆို့နေသောသစ်ပင်၊သစ်ကိုင်းများနှင့်ရွှံ့နွံများ ကိုဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခဲ့ကြပြီးလောင်းလုံး-ကျောက်နီမော်-ရှင်မော်လမ်းမကြီးပေါ်ရှိနေရာအချို့နှင့် သဘာဝဘေးဒဏ်ထိခိုက်မှုများပြားခဲ့သည့်ကဒက်ငယ်ထိန်ကျေးရွာတို့၌သဘာဝဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။

ထို့နည်းတူစွာ လောင်းလုံးမြို့ပေါ်ရှိ ရပ်ကွက်(၅)ခုအိမ်ထောင်စု(၃၁၀)စုကို သောက်သုံးရေလုံလောက်စွာ အသုံးပြု နိုင်ရန်အတွက်ဒေသခံပြည်သူများအားဖြန့်ဝေပေးခဲ့ကြပြီးပန်းတောဝဘုန်းကြီးကျောင်း၌တပ်မ‌တော် ဆေးကုသ ရေးအဖွဲ့မှရေကြီးပြီးနောက်ဖြစ်ပေါ်လာနိုင်သည့်ကူးစက်ရောဂါများဖြစ်ပွားကူးစက်မှုမရှိစေရေးအတွက် ရဟန်းရှင် လူဒေသခံပြည်သူများကိုကျန်းမာရေးဆေးစစ်ကုသပေးခြင်း၊ဆေးဝါးများအခဲ့မဲ့ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြသည်။

အလားတူသရက်ချောင်းမြို့၊လောင်းလုံးမြို့၊ ပုလောမြို့နယ်နှင့်တနင်္သာရီမြို့များတွင်လည်း ရေပြန်လည်ကျဆင်း သွားပြီးနောက် လမ်းနှင့်တံတားများရေတိုက်စားမှုကြောင့်ပျက်စီးမှုများ၊လမ်းမကြီးများပေါ်ရှိ ပိတ်ဆို့ နေသော သစ်ပင်၊ သစ်ကိုင်း များ၊လမ်းမီးတိုင်များနှင့်ရွှံ့နွံများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများစုပေါင်းပါဝင်၍ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်း ကာ လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးပြန်လည်ကောင်းမွန်အောင် ဆောင်ရွက် ပေးလျက် ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာစေရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တို့ ၏စီမံကွပ်ကဲမှုဖြင့်တပ်မတော်သား များ၊ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများပူးပေါင်း၍ လမ်း ကြောင်းရှင်းလင်းရေး၊ကျန်းမာရေးစောင့်ရှောက်မှုနှင့်သန့်ရှင်းရေးလုပ်ငန်းများနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်း များကို အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)