ပုသိမ်၊ အောက်တိုဘာ ၂၇
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ နေ့ထူး နေ့မြတ်ဖြစ်သည်နှင့်အညီ ဘုရား၊ စေတီပုထိုးများ၌ ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆွမ်းများ ကပ်လှူပူဇော်ခြင်းနှင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြရာ (သီတင်းကျွတ်လပြည့်နေ့) ယမန်နေ့ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေ ဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘုရားဖူးပြည်သူများသည် ဆီမီးကိုးထောင်ကပ်လှူပူဇော်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီးမီးကိုးထောင်အား ကပ်လှူပူဇော်ခဲ့ပြီးနောက် ဗုဒ္ဓပြတိုက်တိုက်အတွင်းရှိ မဟာ မုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ မြတ်ဗုဒ္ဓ၏အထက်လက်ဝဲတော်စွယ်တော်ပွား၊ အောက်လက်ဝဲတော် စွယ်တော်ပွားနှင့် စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကာ ပုသိမ်မြို့၊ ကန်သုံးဆင့်ရေပြင်တွင် ဆီမီးမျှောပူဇော်ခဲ့ကြသည်။
#News #Myanmar









No comments:
Post a Comment