ဇီလန်းစကီး မရှိမှ အေးမယ်လို့ ထရမ့်ပြောပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီလန်းစကီး မရှိမှ အေးမယ်လို့ ထရမ့်ပြောပြီ


အောက်တိုဘာ - ၁၁ ( တနင်္ဂနွေနေ့ ) 

စနေနေ့က အိမ်ဖြူတော်အပြင်ဘက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ယူကရိန်းအနေနဲ့ ဗလာဒီမာ ဇီလန်းစကီးကို နေရာပြောင်းလဲဖို့ (လူလဲဖို့) အချိန်တန်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ ဇီလန်းစကီးဟာ ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်တွေကို ငြင်းပယ်နေပြီး ကမ္ဘာတဝှမ်း ဒီဇယ်ဆီ ပြတ်လပ်မှုကို ပိုဆိုးရွားစေတယ်လို့လည်း ထရမ့်က စွပ်စွဲခဲ့ပါတယ်။

"ယူကရိန်းအတွက် သမ္မတသစ် တယောက်ရရှိဖို့ အချိန်တန်ပြီလို့ ကျနော်ထင်တယ်" လို့ ထရမ့်က ပြောပါတယ်။ "ဇီလန်းစကီးအနေနဲ့ ဒီစစ်ပွဲကို အကြိမ်ကြိမ် အဆုံးသတ်လို့ရခဲ့ပါတယ်။ အခါပေါင်း အများကြီးပါပဲ။ ဒါပေမဲ့ သူကိုယ်တိုင်က မလုပ်ချင်လို့ ရှောင်လွှဲနေတာ" လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်မှုတွေ မလုပ်ဖို့ သတိပေးထားချက်တွေကို ဇီလန်းစကီးက လျစ်လျူရှုခဲ့တယ်လို့လည်း ထရမ့်က စွပ်စွဲခဲ့ပါသေးတယ်။ "ရုရှားကို ခင်ဗျားတို့ သဘောကျသလို လုပ်လို့ရပေမဲ့ ရေနံချက်စက်ရုံတွေကိုတော့ မတိုက်ကြနဲ့၊ အဲဒါက ကမ္ဘာ့ပြဿနာ တွေကို ဖြစ်စေလိမ့်မယ်လို့ ကျနော်တို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူက ကမ္ဘာကြီးအတွက် ပြဿနာ ရှာချင်နေတာ" လို့ ထရမ့်က ပြောပါတယ်။ "ပြီးတော့ သူဘာဆက်လုပ်လဲဆိုတော့ ဒီဇယ်ဆီ (စက်ရုံတွေကို) သွားပြီး တိုက်ခိုက်တော့တာပါပဲ" လို့ဆိုပါတယ်။ 

ဇီလန်းစကီးရဲ့ သမ္မတသက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးသွားပြီ ဖြစ်ပေမဲ့ သူက စစ်ဥပဒေကို အကြောင်းပြပြီး အာဏာကို ဆက်လက် ရယူထားဆဲပါပဲ။ ဒီအချက်က နောင်မှာ ကိယက်ဗ် အစိုးရနဲ့ လက်မှတ်ရေးထိုးလာမယ့် အနာဂတ် ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို အားနည်းသွားစေ နိုင်တယ် လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အလေးပေး ပြောဆိုထားပါတယ်။

ထရမ့်ရဲ့ အဆိုအရ မော်စကိုဘက်က ဒီဇယ်ဆီ မက်ထရစ်တန် ၃၀၀,၀၀၀ ကို ချက်ချင်း ဖြန့်ဖြူးပေးဖို့ သဘောတူခဲ့ပြီး လာမယ့်လမှာ နောက်ထပ် မက်ထရစ်တန် ၅၀၀,၀၀၀ ထပ်မံ ဖြန့်ဖြူးပေးသွားမယ်လို့ ဆိုပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)