ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် စမ်းချောင်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် စမ်းချောင်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ အောက်တိုဘာ ၁၁

ကျိုင်းတုံမြို့နယ်၌ ငွေကျပ်သိန်း ၅၁၀ တန်ဖိုး၊ လားရှိုးမြို့၌ ငွေကျပ် ၆၇၅ သိန်းတန်ဖိုး၊ စမ်းချောင်း မြို့နယ်၌ ငွေကျပ်သိန်း ၂၀၀ တန်ဖိုး ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ပြီး ဖမ်းဆီးရမိသူများကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၈ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရကျိုင်းတုံမြို့နယ် ကျိုင်းဖောင်းရွာအနီးတွင်မိုင်းပျဉ်း မြို့နယ် ဝမ်ပုံရွာနေ စိုင်းဆမ်ရှဲန် (၄၂)နှစ် မောင်းနှင်လာသော TOYOTA HILUX VIGO အမျိုး အစားယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းစိမ်း ၅၁ ကီလို(တစ်ကီလိုလျှင် ငွေကျပ် ၁၀ သိန်း နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၅၁၀) ဖမ်းဆီးရမိသဖြင့်စိုင်းဆမ်ရှဲန်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသိရသည်။

ထို့အတူ အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်သတင်းအရ လားရှိုးမြို့ ရပ်ကွက်(၁) လားရှိုး- မယ်ဟန်သွားကားလမ်းတွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၃)နေသူများဖြစ်သည့် အောင်ကိုကိုညီ (၃၇)နှစ် မောင်းနှင်ပြီး မဟန်နီစိုး (ခ) ဟွမ်ခမ်း (၁၉)နှစ် လိုက်ပါ လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်နှင့် လားရှိုးမြို့ ရပ်ကွက်(၇)နေ ကျော်နိုင် (ခ) အားစွင့် (၃၁)နှစ် မောင်းနှင်လာသော KENBO SCOPPY အမျိုးအစား ဆိုင်ကယ် တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့သုံးဦး သယ်ဆောင်လာ သည့် စိတ်ပြောင်းဆေးဝါး HAPPY WATER ၁ ဒသမ ၅ ကီလို(တစ်ကီလို လျှင်ငွေကျပ်သိန်း ၄၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၆၇၅ သိန်း) ဖမ်းဆီးရမိသဖြင့် အောင်ကိုကိုညီ၊ မဟန်နီစိုး(ခ) ဟွမ်ခမ်းနှင့် ကျော်နိုင်(ခ)အားစွင့် တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်းသိရသည်။

အလားတူ အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စမ်းချောင်းမြို့နယ် စမ်းချောင်း (မြောက်)ရပ်ကွက် ဗဟိုလမ်းမကြီး အတိုင်း လမ်းလျှောက်လာသူ ကြည့်မြင်တိုင်မြို့နယ် သာဓု (အရှေ့) ရပ်ကွက်နေ မသန်းသန်း ထွေး(ခ) သေးသေး(၂၉)နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထား သည့် လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁၀၀၀၀(တစ်ပြား လျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၂၀၀)ဖမ်းဆီးရမိသဖြင့် မသန်းသန်း ထွေး(ခ)သေးသေးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။ 


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)