ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း)၊ (အသက် ၁၅ နှစ်မှ ၂ဝ နှစ် အတွင်း) နှင့် အဆင့်မြင့်ပညာအဆင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း)၊ (အသက် ၁၅ နှစ်မှ ၂ဝ နှစ် အတွင်း) နှင့် အဆင့်မြင့်ပညာအဆင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား




နေပြည်တော်၊ အောက်တိုဘာ ၂၅

၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း)၊ (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)နှင့် အဆင့်မြင့်ပညာအဆင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁( MICC-1) ၌ ကျင်းပရာ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်အဖွဲ့များမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပြိုင်ပွဲတွင် ထူးချွန်စွာယှဉ်ပြိုင်နိုင်ခဲ့ကြသူများကို ဆုချီးမြှင့်ဂုဏ်ပြုသည့် အခမ်းအနားတစ်ခုသာမက မြန်မာ့ရိုးရာအနုပညာကို တန်ဖိုးထားမြတ်နိုးကြသူများ၏ ကြိုးစားအားထုတ်မှုနှင့် မျိုးဆက်သစ်အနုပညာရှင်များ၏ အနာဂတ်မျှော်မှန်းချက်များကို အသိအမှတ်ပြုအားပေးသည့် အခမ်းအနားဖြစ်ကြောင်း၊ ယခုရရှိသည့်ဆုများသည် မိမိတို့၏ ပင်ကိုအရည်အချင်း၊ လေ့ကျင့်အားထုတ်မှုနှင့် ဇွဲလုံ့လများကို အသိအမှတ်ပြုမှုတစ်ရပ်ဖြစ်သကဲ့သို့ အနုပညာရပ်များကို ဆက်လက်လေ့လာသင်ယူပြီး ပိုမိုတိုးတက်အောင် ကြိုးစားသွားကြရန်အတွက် တွန်းအားတစ်ရပ် ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ အနုပညာလောကတွင် အောင်မြင်မှုသည် ဆုတံဆိပ်ရရှိခြင်း တစ်ခုတည်းဖြင့်တိုင်းတာ၍မရဘဲ ပညာရပ်ကိုနက်နက်ရှိုင်းရှိုင်း နားလည်တတ်မြောက်မှုနှင့်လူမှုအသိုက်အဝန်းအတွက် အကျိုးပြုနိုင်မှုတို့ဖြင့် တိုင်းတာကြရမည်ဖြစ်ကြောင်း။

ထို့ပြင် မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားသည့် ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝသည့်နိုင်ငံဖြစ်ရာ တိုင်းရင်းသားလူမျိုးအသီးသီး၏ အဆို၊ အက၊ အရေး၊ အတီး ရိုးရာအနုပညာများကို လေ့လာဖော်ထုတ်ခြင်း၊ အပြန်အလှန်မျှဝေခြင်းနှင့် တန်ဖိုးထားလေးစားခြင်းတို့သည် ပြည်ထောင်စုစိတ်ဓာတ်ကိုခိုင်မာစေရန် အထောက်အကူပြုကြောင်း၊ အနုပညာသည် ဘာသာစကားနှင့် ဒေသကွာခြားမှုများကို ကျော်လွန်ပြီး လူတို့၏စိတ်နှလုံးကို ဆက်သွယ်ပေးနိုင်သည့် တံတားတစ်စင်းလည်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကရရှိသည့် အတွေ့အကြုံကောင်းများကိုအခြေခံပြီး မြန်မာ့ရိုးရာအနုပညာများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရန် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတက အဆိုမဟာဂီတပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးမှ မောင်မျိုးခန့်မောင်မောင်၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်မှ မောင်ဝင်းညီညီ၊ ပူးတွဲတတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ မောင်မြင့်သိန်းဦးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ မောင်ဖုန်းမြင့်မြတ်တို့ကိုလည်းကောင်း၊ အဆိုမဟာဂီတပြိင်ပွဲ အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးမှ မဟေမာန်ကျော်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးမှ မဖြိုးဇင်မီကျော်၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးမှ မလင်းလက်ဦးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က အဆိုမဟာဂီတပြိုင်ပွဲ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက အဆိုခေတ်ဟောင်း/ကာလပေါ်ပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက အဆိုခေတ်ဟောင်း/ ကာလပေါ်ပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဆိုခေတ်ဟောင်း/ကာလပေါ်ပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ဒုတိယဝန်ကြီးများက အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)၊ (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း)နှင့် အဆင့်မြင့်ပညာအဆင့်များတွင် အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်အလိုက် ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ၏ “အလှဝေဖြာ မြန်မာ့ရိုးရာ” သီချင်းဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)၊ (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)နှင့် အဆင့်မြင့်ပညာအဆင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆုရရှိကြသည့် ပြိုင်ပွဲဝင်များအား ပထမဆု ၈၆ ဆု၊ ဒုတိယဆု ၈၃ ဆု နှင့် တတိယဆု ၈၁ ဆု စုစုပေါင်း ဆု၂၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)