အောက်တိုဘာ - ၂၀ ( အင်္ဂါနေ့ )
အမေရိကန်နိုင်ငံထဲက ကလေးတိုင်းကို သူ့ရဲ့ စပေ့အိတ်စ်ကုမ္ပဏီ ရှယ်ယာ တစ်စုစီ လာမယ့်နှစ်မှာ လက်ဆောင်ပေးသွားမယ်လို့ အီလွန်မတ်စ်က ကတိပေးလိုက်ပါတယ်။ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိနိုင်တဲ့ ဒီမဟာအစီအစဉ်ကြီးအတွက် သမ္မတ ဒေါ်လာထရမ့်ကလည်း ချီးကျူးစကား ဆိုထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၁ ထရီလီယံလောက် ရှိမယ်လို့ ခန့်မှန်းရတဲ့ အီလွန်မတ်စ်ဟာ ဒီအစီအစဉ်ကို တနင်္လာနေ့က ကြေညာခဲ့တာပါ။ ဒါဟာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ဖြန့်ဝေပေးသွားမယ့် လုပ်ငန်းစဉ်အစ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် သမ္မတထရမ့်နဲ့ ရီပတ်ဘလစ်ကန်ပါတီကို ငွေကြေးရော နိုင်ငံရေးအရပါ ပံ့ပိုးမှုတွေ ပိုလုပ်ပေးနေတဲ့အချိန်မှာ အခုလို ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။ လာမယ့်နှစ်ကျရင် အမေရိကန်က ကလေးတိုင်းကို ကျနော့်ရဲ့ SpaceX ရှယ်ယာ တစ်စုစီ ပေးသွားမယ်၊ ဒါက အစပဲ ရှိသေးတယ်' လို့ အီလွန်မတ်စ်က်အိတ်စ်ဆိုရှယ်ယ်မီဒီယာ ပေါ်မှာ ရေးတင်ပါတယ်။
အမေရိကန်နိုင်ငံမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၃ သန်းဝန်းကျင် ရှိပြီး၊ တနင်္လာနေ့က စပေ့အိတ်စ် ရဲ့ ရှယ်ယာဈေးက ၁.၃၃% တက်ပြီး တစ်ရှယ်ယာကို ဒေါ်လာ ၁၄၇.၉၇ နဲ့ ပိတ်ထားပါတယ်။ ဒါကြောင့် အခုလို ပေးမယ့် ရှယ်ယာလက်ဆောင်အစီအစဉ်ဟာ စုစုပေါင်း ဒေါ်လာ ၁၀.၈ ဘီလီယံလောက် တန်ဖိုး ရှိလာနိုင်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အဲဒီကြေညာချက်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပြီး၊ အဲဒီရှယ်ယာတွေကို သူ့ရဲ့အစိုးရလက်ထက်မှာ ဖန်တီးထားတဲ့ အစိုးရထောက်ခံအားပေးတဲ့ ရင်းနှီးမြှုပ်နှံမှု အကောင့်တွေကနေတစ်ဆင့် ခွဲဝေပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သမ္မတထရမ့်က ထရုသ်ဆိုရှယ် မှာ 'သမ္မတရဲ့အကောင့်တွေ (TRUMP ACCOUNTS) ကနေတစ်ဆင့် သန်းနဲ့ချီတဲ့ အမေရိကန်ကလေးငယ်တွေကို စပေ့အိတ်စ် ရှယ်ယာတွေ ပေးအပ်တဲ့အတွက် ကျနော်တို့ရဲ့တို့ရဲ့ဂန္တဝင်မိတ်ဆွေကြီး အီလွန်မတ်စ်ရဲ့ အံ့မခန်း ရက်ရောမှုကို ကျေးဇူးအကြီးကြီး တင်ပါတယ်' လို့ ရေးသားခဲ့ပါတယ်။ ထရမ့်က ဒီအစီအစဉ်ဟာ ပုဂ္ဂလိကကဏ္ဍကနေ အမေရိကန်ရဲ့ အနာဂတ်အတွက် ဘယ်လို ရင်းနှီးမြှုပ်နှံကူညီပေးနိုင်တယ်ဆိုတာနဲ့ 'အမေရိကန်ကလေးတိုင်းကို အမေရိကန် အိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖန်တီးပေးနိုင်တယ်' ဆိုတာကို ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီအစီအစဉ်အရ ဖက်ဒရယ်အစိုးရက ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၈ ခုနှစ်ကြား မွေးဖွားတဲ့ အရည်အချင်းပြည့်မီတဲ့ ကလေးငယ်တွေအတွက် မတည်ငွေ ဒေါ်လာ ၁,၀၀၀ ထောက်ပံ့ပေးမှာဖြစ်ပြီး မိဘများ၊ အလုပ်ရှင်များနှင့် ပုဂ္ဂလိက အလှူရှင်များကလည်း ထပ်မံထည့်ဝင်နိုင်ကြပါတယ်လို့ သိရပါတယ်။
REF: RT
#Myanmar #News

No comments:
Post a Comment