ဖျာပုံ၊ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို အောက်တိုဘာလ(၃)ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(၁)ကျောင်းသား၊ကျောင်းသူကလေးများက "အနာဂါတ်ကမ္ဘာမြေဖွံ့ဖြိုးစေ" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)ဘာသာ (၄)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့မိမြိုဖများနှင့်အလှူရှင်များက ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)ဘာသာ(၂)ဦး၊ (၄)ဘာသာ(၅)ဦး၊ (၃)ဘာသာ(၁၁)ဦး၊ (၂)ဘာသာ(၂၄)ဦး၊ (၁)ဘာသာ(၈၁)ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူ(၁၂၃)ဦးရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
#News #Myanmar



No comments:
Post a Comment