ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်)၏ ဧကာဒသမမြောက်မဟာနာယကဂုဏပူဇာအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်)၏ ဧကာဒသမမြောက်မဟာနာယကဂုဏပူဇာအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ







ပခုက္ကူ၊ အောက်တိုဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်)၏ ဧကာဒသမမြောက်(တစ်ဆယ့် တစ်ပါးမြောက်)မဟာနာယကဆရာတော်ကြီးဂုဏပူဇာအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်၈နာရီခွဲအချိန်က ကျင်းပ ပြုလုပ်သည်။

ပထမဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့်ဧည့်သည်တော်များက “နမောတဿ”သုံး ကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်) မဟာနာ ယကဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်(ငြိမ်း) ဘဒ္ဒန္တ သောဘနထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များထံမှအန္တရာယ်ကင်းပရိတ်တရားတော်များ၊ ဂါထာ တော်များနာယူကြည်ညိုခြင်း၊ မြန်မာနိုင်ငံတစ်ဝန်း ရှိဆရာတော်ကြီးများနှင့်အလယ်တိုက်အလုပ်အမှုဆောင်ဂေါပကအဖွဲ့များက ဝမ်းမြောက်ကြောင်းသဝဏ်လွှာဖတ်ကြားခြင်းများဆောင်ရွက်ကာ ပင့်သံဃာတော် သက်တော်ရှည်ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက်ပခုက္ကူမြို့၊မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်)ရှိ သောတုဇနစာသင်သားသံတော်တော်များအား ပစ္စည်းလေးပါးနဝကမ္မများဆက်ကပ်လှူဒါန်းကြပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)