ထန်းတပင်မြို့နယ်၌ ကမ္ဘာ့ဆရာများ နေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ ကမ္ဘာ့ဆရာများ နေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲကျင်းပ







ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသင်း အဖွဲ့များဖြင့်ပူး ပေါင်းကာကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေးနှင့်အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲနှင့်ပြပွဲများကိုကျင်းပပြုလုပ်ပေးလျက်ရှိပြီးအောက်တိုဘာလ(၅)ရက်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်  အသိပညာ ပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။ 

ဦးစွာ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဌိပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲ၊ ဘယ်ခြေညာလက်ပြိုင်ပွဲ၊ ခွက်စီပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲနှင့် ဘောလုံးဖောက်ပြိုင်ပွဲတို့ကိုကျင်းပပြုလုပ်ခဲ့ကြရာပြိုင်ပွဲများသို့ကျောင်းသား၊  ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသလို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကိုလည်းဦးစီးအရာရှိ ဦးအောင်စံထွန်းနှင့်တာဝန်ရှိသူများကအမှတ်တရ လက်ဆောင်များအသီးသီး ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ကြရာ  မြို့ နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စံထွန်းက ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပပြုလုပ် ရ ခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားခဲ့ပြီး အထက်တန်းပြဆရာ ဒေါ်လွင်လွင်မာ၊  မြို့နယ်သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် မြို့နယ်ဗုဒ္ဓဘာသာက လျာဏယုဝအသင်း( YMBA )အတွင်းရေးမှူး ဦးရန်လင်းအောင်တို့က ကမ္ဘာ့ဆရာများနေ့ အကြောင်း သိကောင်းစရာများကိုတက် ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အသိပညာဟောပြောခဲ့ကြသည်။ 

ဆက်လက် ၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲတို့တွင်ဆုရရှိခဲ့ကြသည့်ကျောင်းသား၊ကျောင်းသူများအား မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စံထွန်းနှင့် တာဝန်ရှိသူများကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများကမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့်အသိပညာပေးနံရံကပ်စာစောင် များနှင့်သုတရသစာအုပ် စာစောင်များ ကိုကျောင်းသား၊ ကျောင်းသူ များက ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။ 


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)