ထားဝယ်၊ အောက်တိုဘာ ၄
မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့်ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) ၏ အရှိန် ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမိုးသည်းထန်စွာစံချိန်တင်ရွာသွန်းမှုနှင့် လပြည့်ရက်မြစ်ရေ ပြည့်ချိန်တို့တိုက်ဆိုင်၍ ထားဝယ်မြို့၊ သရက်ချောင်းမြို့၊ လောင်းလုံးမြို့၊ ပုလောမြို့၊ တနင်္သာရီမြို့တို့ ရှိ ရပ်ကွက်/ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ယခုအခါမြစ်ရေ၊ ချောင်းရေများပုံမှန်စီးဆင်း နေပြီ ဖြစ်သည်။
ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးနှင့်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ သည် ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ DDPC Shopping Centre သို့သွားရောက်၍ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့်ဘေးအန္တရာယ်ကျရောက်နေသည့် ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ၊အရေးပေါ်လူနာကူညီကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိ နေ သည့်ရပ်နီးရပ်ဝေးမှကူညီကယ်ဆယ်ရေးအဖွဲ့များကိုရင်းရင်းနှီးနှီးတွေ့ဆုံနူတ်ဆက်၍လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက်ဝန်ကြီးချုပ်ကကယ်ဆယ်ရေးအဖွဲ့များအား"မိမိအကျိုးထက်အများအကျိုးကိုရှေးရှု၍ စေတနာ ဖြင့်ကူညီလုပ်ဆောင်ခြင်း”သည်မွန်မြတ်သောကုသိုလ်ရရှိသည့်ပရဟိတအလုပ်ဖြစ်ကြောင်း၊ မိမိတို့ဒေသ သို့ လာရောက်ကူညီဆောင်ရွက်ပေးသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လိုအပ်သည့်လူအင်အား၊ စက်ယန္တရား ၊ယာဉ်ယန္တရား၊ စက်သုံးဆီနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် ပံ့ပိုးပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ပြောကြားပြီးကယ်ဆယ်ရေးအဖွဲ့များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကား ပြောကြားကာ လိုအပ်သည်များကို ဆောင်ရွက်ပေးသည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့်ယနေ့နံနက်ပိုင်းတွင်ပရဟိတကူညီ ကယ်ဆယ်ရေး အဖွဲ့များက စုရပ်ဖြစ်သည့် ထားဝယ်မြို့၊DDPC Shopping Centre ဝင်းအတွင်းမှ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ကြောင့်ဘေးအန္တရာယ် ကျရောက်နေသည့်ပြည်သူများကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များ၊ အရေးပေါ်လူနာကူညီကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ ရေး လုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက်လောင်းလုံးမြို့သို့လူအင်အား၊စက်ယန္တရားများအပါအဝင် ယာဉ်တန်း များစတင်ထွက်ခွာနေ မှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် က လှိုက်လှဲစွာပို့ဆောင်သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ မိုးသည်းထန်စွာ စံချိန်တင်ရွာသွန်းမှုကြောင့်မြို့နယ်အချို့တွင်မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အပြင်ထားဝယ်-မြိတ်-တနင်္သာရီ -ဘုတ်ပြင်း - ကော့သောင်း ပြည်ထောင်စုလမ်းကြီးပေါ်ရှိနေရာအချို့နှင့်မြိတ်-မောတောင် လမ်းမကြီးပေါ်ရှိနေရာအချို့တွင်ရေကျော်ခြင်းများ၊ လမ်းပေါ်သို့မြေပြိုကျ၍လမ်းပိတ်ခြင်း၊ လမ်းပေါ်ရှိ တံတား များတွင် အမှိုက်များပိတ်ဆိုခြင်းများဖြစ်ပွားခဲ့ရသည်။
ထိုသို့ဖြစ်ပွားခဲ့မှုများကိုတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကွပ်ကဲစီမံမှုဖြင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်ဒေသခံတိုင်ရင်းသားပြည်သူများ ပူးပေါင်း၍ မြစ်ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည် ထားဝယ်မြို့၊သရက်ချောင်းမြို့၊လောင်းလုံးမြို့၊ ပုလောမြို့၊ တနင်္သာရီမြို့များရှိရေဘေးသင့် ပြည်သူများအားယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပေး ခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊စားသောက်ဖွယ်ရာများလိုက်လံပို့ဆောင် ဝေငှပေးခြင်း၊ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့်လမ်းပေါ်တွင်ပြိုကျနေ သည့်မြေကြီးများ အားဖယ်ရှားရှင်းလင်းပေးခြင်း၊တံတားများတွင်ပိတ်နေသောအမှိုက်များရှင်းလင်းပေး ခြင်း၊ သွားလာ၍မရသောနေရာများတွင်လမ်းလွှဲဆောင်ရွက်ပေးခြင်းနှင့်အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်းတို့ကို အချိန် နှင့်တစ်ပြေးညီအင်တိုက်အားတိုက်ကူညီ ဆောင်ရွက်ပေး လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးစခန်းများရှိရေဘေးသင့်အိမ်ထောင်စုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင် များ၊တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်လူမှုကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေး ပစ္စည်း နှင့်အစားအသောက်များ၊ကူညီထောက်ပံ့ငွေများကိုရေဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်လျက်ရှိသည်။ ယခုအခါထားဝယ်၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်များရှိ ရေဝင်ရောက်မှု ကြောင့်ပိတ်ထားသော ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်၍အေးချမ်းစွာ စာသင်ကြားလျက်ရှိ သည်။
ရေကျသွားပြီးနောက် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါနှင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမဖြစ်ပွားစေရန်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေး အဖွဲ့များက ကွင်းဆင်းဆေးကုသပေးခြင်းများ ကိုဆောင်ရွက်ကြပြီးရေဘေးအန္တရာယ် ကြုံတွေ့ရပြီး နောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ပြီး ရောဂါဘယ ကင်းဝေးစေရန်အတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအားလုံး စုပေါင်းအင်အားဖြင့် ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#News #Myanmar













No comments:
Post a Comment