ဆိုမာလီ ပင်လယ်ဓားပြတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ၅ဦးထဲတွင် မြန်မာနိုင်ငံသား ၁ဦးပါဝင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိုမာလီ ပင်လယ်ဓားပြတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ၅ဦးထဲတွင် မြန်မာနိုင်ငံသား ၁ဦးပါဝင်


အောက်တိုဘာ - ၁ ( ကြာသပတေးနေ့ ) 

ဆိုမာလီ ပင်လယ်ဓားပြတွေဟာ သူတို့ ၅ လကျော်ကြာ ဖမ်းဆီးထိန်းချုပ်ထားခဲ့တဲ့ ရေနံတင်သင်္ဘော တစ်စီးကို လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးမီမှာပဲ သင်္ဘောပေါ်ပါ အဖွဲ့သား ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆူမာလီယာနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပန့်တ်လန်း ဒေသ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အဆိုပါ ရေနံတင်သင်္ဘောဟာ ဧပြီလ ၂၁ ရက်နေ့တုန်းက အဖွဲ့သား ၁၇ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သင်္ဘောကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေး ပြုလုပ်စဉ်အတွင်း ပင်လယ်ဓားပြလို့ မသင်္ကာသူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အချို့ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ပန့်တ်လန်း အာဏာပိုင်တွေက ဆိုပါတယ်။

"ပန့်တ်လန်း ရေကြောင်းရဲတပ်ဖွဲ့ (PMPF) အနေနဲ့ MT Honour 25 သင်္ဘောကို ဘေးကင်းအောင် ထိန်းချုပ်တဲ့ စစ်ဆင်ရေးကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပါပြီ။ သင်္ဘောဟာ ခုဆိုရင် လုံခြုံသွားပြီဖြစ်ပြီး ပန့်တ်လန်းအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေပါပြီ" လို့ အဆိုပါ တပ်ဖွဲ့က အင်္ဂါနေ့မှာ အိတ်စ်လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

PMPF ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူ ၅ ဦးအနက် ၃ ဦးဟာ ပါကစ္စတန်နိုင်ငံသားများဖြစ်ကြပြီး ၁ ဦးမှာ မြန်မာနိုင်ငံသား နဲ့ နောက် ၁ ဦးမှာ အိန္ဒိယနိုင်ငံသားတို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် အခြား သင်္ဘောသား ၄ ဦး (ပါကစ္စတန် ၃ ဦးနှင့် အိန္ဒိယ ၁ ဦး) တို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ ရေနံတင်သင်္ဘောဟာ ဖမ်းဆီးခံရချိန်တုန်းက စက်သုံးဆီ စည်ပေါင်း ၁၈,၅၀၀ နီးပါး တင်ဆောင်ထားတာ ဖြစ်ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)