ရန်ကင်းမြို့နယ် (၁၄)ရပ်ကွက်၊ ဓမ္မရုံ ဖျက်ဆီးမခံရရေး အမျိုးသားရေးဆရာတော်များနှင့် အမျိုးသားရေးအင်အားစုများ ရပ်တည်ကာကွယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကင်းမြို့နယ် (၁၄)ရပ်ကွက်၊ ဓမ္မရုံ ဖျက်ဆီးမခံရရေး အမျိုးသားရေးဆရာတော်များနှင့် အမျိုးသားရေးအင်အားစုများ ရပ်တည်ကာကွယ်

 




ရန်ကုန်၊ အောက်တိုဘာ ၁၈

ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက် ကျောက်ကုန်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ (၁၄)ရပ်ကွက်လုံးဆိုင်ရာ ဆွမ်းလောင်းဓမ္မာရုံ ဖျက်ဆီးဖယ်ရှားမခံရစေရန် အမျိုးသားရေးဆရာတော်များနှင့် အမျိုးသားရေးအင်အားစုများမှ ရပ်တည်ကာကွယ်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ရန်ကင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်ရေးမှူးတို့မှ ၂၀၂၆ ခုနှစ် မတ်လ (၁၃)ရက် ရက်စွဲဖြင့် ရွှေတောင်ကုန်းသမဝါယမအသင်း အပါ (၆)ဦးအား မြေရာကိစ္စ ဆွေးနွေးရန်ဟု ခေါ်ကာ အစည်း အဝေးတက်ရောက်ကြောင်း လက်မှတ်ထိုးခိုင်းပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ နောက်ဆုံး ထားကာ ဖျက်သိမ်းရွေ့ပြောင်းပေးပါရန် ပြောဆိုပြီး ဖျက်သိမ်းဖယ်ရှာခြင်း မပြုပါက အင်အားသုံး ဖျက်ဆီးဖယ်ရှားပြစ်မည်ဟု အစည်းအဝေး တက်ရောက်သူများရှေ့မှောက်တွင် ပြောဆိုခဲ့ခြင်းအပေါ် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက် ကျောက်ကုန်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ လက်ရှိ ကားလမ်း ရေမြောင်း အစိုးရစီမံကိန်းများနှင့် လွတ်လပ်လျှက်ရှိသော မြေကွက်များပေါ်တွင် ၁၉၇၃ ခုနှစ်များကတည်းက ဆောက်လုပ်ထားသော ရွှေတောင်ကုန်း သမဝါ ယမအသင်း အဆောက်အအုံ၊ ၁၉၈၀ ခုနှစ်ကတည်းက ဆောက်လုပ်ထားသော  ရန်ကင်းမြို့နယ် ကြက် ခြေနီရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး (၁၄)ရပ်ကွက်လုံးဆိုင်ရာ ဆွမ်းလောင်းဓမ္မာရုံ နှင့် ပြည်ထောင် စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ရုံးများ ယနေ့အချိန်ထိ တည်ရှိနေကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပြည်သူရွေးကောက်ခံသမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင် Father Land ဆောက်လုပ်ရေးကုမ္မဏီမှ ဦးကျော်မြင့်က (၁၃၄/ခ) မြေကွက်အမှတ်အားဝယ်ယူပြီးချိန်တွင် ရွှေတောင်ကုန်းသမဝါယမအသင်းအဆောက်အဦးပါ (၅)လုံးအား တိုင်ကြား ဖယ်ရှားပေးရန် ဖိအားပေး ခံခဲ့ရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ Father Land ဆောက်လုပ်ရေးကုမ္မဏီမှ ဦးကျော်မြင့် ဝယ်ယူခဲ့သော မြေကွက်အမှတ် (၁၃၄/ခ) နှင့် လုံးဝ (လုံးဝ) သက်ဆိုင်မူမရှိကြောင်း ဖြေရှင်းခဲ့ရသည့် ဖြစ်စဉ် ရှိခဲ့ကြောင်း၊ ယခုအခါ တွင် Father Land ကျော်မြင့်ဆီမှ ဦးမောင် မောင်(ခ)ဦးမိုဟာမက်ယူစွပ် က ၎င်း မြေကွက်ကို ဆက်လက် ဝယ်ယူခဲ့ပြီး အက္ခရာ စားသောက်ဆိုင်ဖွင့်လှစ်ရန် ငှားရမ်းထားကြောင်း၊ အက္ခရာစားသောက်ဆိုင်ဘက်မှ ကားပါကင်နေရာ ချဲ့ထွင် ချင်သည့်ကိစ္စကြောင့် အမှတ်(၁၄)ရပ်ကွက် ကျောက်ကုန်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ လက်ရှိ ကားလမ်း ရေမြောင်း အစိုးရစီမံကိန်းများနှင့် လွတ်လပ်လျှက်ရှိသော မြေကွက်အား အကြောင်းရှာ လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ယနေ့ ဖျက်သိမ်းဖယ်ရှားပေးခြင်းမရှိပါက ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် စည်ပင်သာယာဌာန က အင်အားသုံးဖယ်ရှားမည်ဟု ပြောဆိုထားသည့်အပေါ် အမျိုးသားရေးသံဃာတော်များနှင့် အမျိုးသားရေးအင်အားစုများက ဝိုင်းဝန်းကာကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။


#Myanmar #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)