အောက်တိုဘာ - ၁၅ ( ကြာသပတေးနေ့ )
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကို ဆန့်ကျင်နေတဲ့ အမေရိကန် အလှူရှင်တွေဟာ အိန္ဒိယနိုင်ငံက လူငယ်ဦးဆောင်တဲ့ (ပိုးဟပ်) ဆန္ဒပြလှုပ်ရှားမှုကို ငွေကြေးထောက်ပံ့နေတယ်လို့ အမေရိကန် အဆိုတော် မေရီ မယ်လ်ဘင် က စွပ်စွဲလိုက်ပြီး ငြိမ်းချမ်းတဲ့ ဆန့်ကျင်ဘက် လှုပ်ရှားမှုတစ်ခု ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အဆိုပါအဖွဲ့ရဲ့ ခေါင်းဆောင်နှစ်ဦး နယူးဒေလီမြို့မှာ ဆန္ဒပြခဲ့ပြီးနောက် ရက်ပေါင်း ၅ ရက်ကြာ ထောင်ဒဏ် ချမှတ်ခံခဲ့ရချိန်မှာ အခုလို ပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမည်မသိရသေးတဲ့ အမေရိကန် အလှူရှင်တွေဟာ ပိုးဟတ်ဂျန်တာပါတီ (CJP) ရဲ့ တည်ထောင်သူ အဘီဂျစ် ဒီ့ပ်ကီ နဲ့ သူ့ရဲ့ လှုပ်ရှားမှုကို ငွေကြေးထောက်ပံ့နေတယ်လို့ မယ်လ်ဘင်က သူမရဲ့ အိတ်စ် လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီလို အလှူရှင်တွေဟာ သူတို့ရဲ့ မူလနိုင်ငံတွေက ရှေးရိုးစွဲ ခေါင်းဆောင်တွေကို ဆန့်ကျင်ဖို့အတွက် အမေရိကန်မှာ ပညာသင်ကြားခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေကို စုဆောင်းလေ့ရှိတဲ့ ပုံစံမျိုး လုပ်ဆောင်နေကြတယ်လို့ သူမက ဆိုပါတယ်။
ဒီ့ပ်ကီဘက်ကတော့ နိုင်ငံခြားငွေကြေး ထောက်ပံ့မှုဆိုတဲ့ စွပ်စွဲချက်တွေကို ယခင်ကတည်းက ငြင်းဆိုထားပြီး၊ CJP စီစဉ်သူတွေနဲ့ မိတ်ဆွေတွေက ပုံစံအမျိုးမျိုးနဲ့ ရန်ပုံငွေ စုဆောင်းပြီး ဆန္ဒပြပွဲတွေကို ငွေကြေးထောက်ပံ့နေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန် အဆိုတော် မယ်လ်ဘင်ဟာ ၂၀၂၃ ခုနှစ် ဇွန်လတုန်းက ဝါရှင်တန်ဒီစီမှာ ဝန်ကြီးချုပ် မိုဒီရဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံတော်သီချင်းကို သီဆိုဖျော်ဖြေခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မိုဒီကို ထောက်ခံကြောင်း ပြောကြားခဲ့တဲ့ မယ်လ်ဘင်က အိန္ဒိယဝန်ကြီးချုပ်အနေနဲ့ အမေရိကန်နိုင်ငံဘက်က နှောင့်ယှက်ဖျက်ဆီးလိုတဲ့ အင်အားစုတွေရှေ့မှာ ဒူးထောက်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ သက်သေအထောက်အထား တစ်စုံတစ်ရာကို ပြသခဲ့ခြင်း မရှိသလို၊ စွပ်စွဲခံထားရတဲ့ အလှူရှင်တွေက ဘယ်သူတွေလဲဆိုတာကိုလည်း တိတိကျကျ ဖော်ပြခဲ့ခြင်း မရှိပါဘူး။
အိန္ဒိယမြို့တော်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ရဲတပ်ဖွဲ့ရဲ့ မြို့ပိတ်ဆို့မှုတွေကြားထဲကနေ အတိုက်အခံတွေ ဦးဆောင်ပြီး အကြီးစား ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက သေဆုံးသွားသူတွေ၊ ပြောင်းရွှေ့သွားသူတွေနဲ့ အမည်မဖော်ပြနိုင်သူတွေ အပါအဝင် လူပေါင်း သန်း ၁၃၀ ကျော်ကို မဲစာရင်းကနေ ပယ်ဖျက်ခဲ့တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ မဲစာရင်းပြုပြင်မှု နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် အဓိပတိ ဂွာနက်ရှ်ကူမား ရဲ့ ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အာဏာရ ဘာတီယာဂျာနာတာပါတီ (BJP) ကလည်း CJP ခေါင်းဆောင်တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေဟာ ပြည်ပအင်အားစုတွေရဲ့ ညွှန်ကြားချက်နဲ့ အိန္ဒိယနိုင်ငံကို မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေကြတယ်လို့ စွပ်စွဲထားပါတယ်။
အဆိုပါအခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် အဆိုတော် မေရီ မယ်လ်ဘင်က အိတ်စ် လူမှုကွန်ရက်ပေါ်မှာ “ဒါဟာ တိတ်ဆိတ်နေရမယ့် အချိန်မဟုတ်ပါဘူး” လို့ ရေးသားခဲ့ပြီး၊ CJP ကို ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းတဲ့ ဆန့်ကျင်ဘက် လှုပ်ရှားမှုတစ်ခုကို စုစည်းလုပ်ဆောင်ကြဖို့ အိန္ဒိယလူငယ်တွေကို တိုက်တွန်းခဲ့ပါတယ်။ ထို့အပြင် “ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ထိန်းသိမ်းဖို့အတွက် အမြဲတမ်း ဆန့်ကျင်ဘက် လှုပ်ရှားမှုတစ်ခု ရှိနေသင့်ပါတယ်” လို့လည်း သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment