ဂန့်ဂေါ၊ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာနိုင်စေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အောက်တိုဘာ ၁၂ ရက်နေ့က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)ကျောင်းနှင့် အခြေခံ ပညာမူလတန်းကျောင်း(မြို့မတောင်ပိုင်း)ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အယ်လ်နီညိုစတင်ဖြစ်ပေါ်လာသည့် အခြေအနေများနှင့် အန္တရာယ်များအကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူဒဏ်အန္တရာယ်မှကာကွယ်နိုင်ရန် အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ် ခြင်းလက္ခဏာများခံစားရပါက ဆောင်ရွက်ရမည့်အချက်များနှင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူရှိန်မြင့်မား ပြီး မီးလောင်မှုများမဖြစ်စေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်နည်းများကို အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) (စည်ပင်သာယာ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာမူလတန်းကျောင်း (မြို့မတောင်ပိုင်း)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ များကို အသိပညာပေးဟောပြောပြီး အယ်လ်နီညိုရာသီဥတုဖြစ်စဉ်များကို ဗွီဒီယိုကလစ်ဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအသီးသီးမှ အသိပညာပေးအဖွဲ့များက ရှင်းလင်းပြသခဲ့ကြသည်။
ဟောပြောပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြို့မဈေးအတွင်းတွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် မြို့နယ်ပြည်သူ့ဆေးရုံရှေ့လမ်းဆုံတို့တွင် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မျိုးမင်း
#News #Myanmar




No comments:
Post a Comment