အုတ်ဖို၊ အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် (၄၁) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများ လှည့်လည်ပူဇော်ခံပွဲကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့လယ်မြတ်စွယ်တော်ဓမ္မာရုံတွင် ကိန်ဝပ်စံပယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားအား မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို နှစ်စဥ်သီတင်ကျွတ်လပြည့်ကျော် (၂) ရက်နေ့တွင် ကျင်းပရာ ယခုနှစ်တွင် (၄၁) ကြိမ်မြောက်ရှိကြောင်း သိရသည်။
အဆိုပါဒေသစာရီကြွချီအပူဇော်ခံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမှဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက် (၆) ရပ်ကွက်မှ ပရိတ်အသင်းများ၊ ပရဟိတအဖွဲ့များက စည်းကားသိုက်မြိုက်စွာ လှည့်လည်ပါဝင်ကုသိုလ်ယူပူဇော်ခဲ့ကြပြီး လှည့်လည်ပူဇော်ရာလမ်းတစ်လျှောက်တွင်လည်း စေတနာရှင်များက စတုဒီသာများကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)
#News #Myanmar


No comments:
Post a Comment