ဖွားဖွားမြ ကျန်းမာရေးအထူးကောင်းမွန်လာခြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖွားဖွားမြ ကျန်းမာရေးအထူးကောင်းမွန်လာခြင်း












၂၀၂၆ အောက်တိုဘာ ၂၃

၁၀-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်း ကျန်းမာရေး ရုတ်တရက်ချို့ယွင်းသွားသော ဖွားဖွားမြအား နေပြည်တော်မှ အထူးကုပါရဂူများ၏ လမ်းညွှန်ကြီးကြပ်မှု၊ အနီးကပ် ဆရာဝန်ကြီးများ၏ ကြပ်မတ်ကုသမှုများကြောင့် ဖွားဖွားမြ ထူထူထောင်ထောင်ဖြစ်လာ၍ ရေဘေးရှောင်စခန်းများရုတ်သိမ်းခြင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းများကို ၂၃-၁၀-၂၀၂၆ ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါသည်။

ဖွားဖွားမြဆည်အား တမံ၏ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်ခြင်း၊ ဆိုင်ဖွန် (Symphon)နည်းဖြင့် ရေထုတ်ခြင်း၊ တမံရေထုတ်ပြွန်မှ ရေလျော့ချခြင်းတို့ဖြင့် တမံရေအမြန်ဆုံး လျော့ချနိုင်ရေး ဆောင်ရွက် နိုင်ခြင်းတို့ကြောင့် ၁၅ ပေခန့် လျော့ကျခဲ့ပါသည်။ 

၎င်းအပြင် မြေသားတမံပုံစံ တမံအခြေထောက်ခြင်းကို တမံကျောဘက်မှ နိမ့်မြင့်အမှတ် ၂၃၃ ပေ၊ ၂၅၀ ပေ၊ ၂၆၆ ပေ တို့တွင် မြေသားဘောင် အဆင့်ဆင့် ထောက်ကန်ထားပြီး တမံအခြေတွင် ရေစစ်ကျောက်ရိုးဖြင့် ထောက်ခြင်းအား နိမ့်မြင့် ၂၃၃ ပေအထိ ထောက်ထားပြီး ဖြစ်ပါသည်။

၎င်းအပြင် ဘူမိရူပ‌ ဗေဒတိုင်းတာခြင်း လုပ်ငန်းအနေဖြင့် Resistivity Method ကိုအသုံးပြု၍ မြေလွှာလျောကျမှုဖြစ်ပေါ်ခဲ့သည့် ဧရိယာအတွင်း လျှပ်စစ်ခုခံမှု စမ်းသပ်ခြင်းနည်းလမ်းများ ဆောင်ရွက် ခြင်း၊ ဘူမိရူပတိုင်းတာစစ်ဆေးပြီး တွေ့ရှိရသည့် လျှပ်စစ်ခုခံမှုအားနည်းသည့်နေရာများအား အင်ဂျင်နီယာဘူမိဗေဒ၏ Standard Penetration Test (SPT) စမ်းသပ်ခြင်းနည်းလမ်းများဖြင့် မြေသားခိုင်မာမှု၊ သိပ်သည်းမှုတို့ကို အတည်ပြုဆောင်ရွက်ပြီး ဖွားဖွားမြ၏ ကျန်းမာရေးအား ပိုမို၍ အထူးကောင်းမွန်လာအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဖွားဖွားမြဆည်အား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ အနေဖြင့် မြေတူးစက် ၆ စီး၊ မြေထိုးစက် ၃ စီး၊ မြေသယ်ယာဉ် ၉ စီးဖြင့် တမံအခြေထောက်ခြင်း မြေကြီးလုပ်ငန်းကို ဆက်လက်‌တောင့်တင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တမံအခြေတွင် ထောက်ကန်ရန် ကွန်ကရစ်နံရံ/ ကျောက်ကြီးအစိုစီနံရံအား စတင်အကောင်အထည်‌ဖော် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးအပ်ပါသည်။


#Ayeyarwady

Myanmar National Post


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)