ပုဇွန်တောင်၊ အောက်တိုဘာ ၁၃
ပုဇွန်တောင်မြို့နယ်အတွင်း မီးဘေးတားဆီးကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ အသိပညာကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်ရှိ ပုဇွန်တောင် စျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးနှင့်တပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ခံ ဦးခင်ဇော်နှင့်ဈေးလုံခြုံရေးများပူးပေါင်း၍ ပုဇွန်တောင်စျေးအတွင်းရှိ မီးသတ်ရေလှောင်ကန်နှင့် မီးသတ်ပိုက်များအား စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စစ်ဆေးခြင်း၊ လျှပ်စစ်မီတာများနှင့်မီးကြိုး များ စစ်ဆေးခြင်း စသည့် မီးဘေးလုံခြုံရေးတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်၊၊
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ပုဇွန်တောင် စျေးသူ/ဈေးသားများအား မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် တားဆီး ကာကွယ်ရေးနည်းလမ်းများကို ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင် များက ဂက်(စ်)မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့ကိုတက်ရောက်လာသော စျေးသူ/စျေးသားများနှင့်အတူ လက်တွေ့ သရုပ်ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စုယဉ်ချစ်
#Myanmar #News





No comments:
Post a Comment