မြို့တော်ပါရီက မကြာခင် မူဆလင်မြို့ဖြစ်တော့မယ်လို့ ထရမ့်က ပြင်သစ်သမ္မတကို ပြောဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့တော်ပါရီက မကြာခင် မူဆလင်မြို့ဖြစ်တော့မယ်လို့ ထရမ့်က ပြင်သစ်သမ္မတကို ပြောဆို


အောက်တိုဘာ - ၂၀ ( အင်္ဂါနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကို ပြင်းပြင်းထန်ထန် ထပ်ပြီး ဝေဖန်လိုက်ပြန်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ပြဿနာတွေဟာ သူတို့ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒကြောင့်ပဲလို့ အပြစ်တင်လိုက်ပြီး၊ ဒီအတိုင်းသာသွားနေမယ်ဆိုရင် ပြင်သစ်နိုင်ငံမြို့တော်ဖြစ်တဲ့ ပါရီမြို့ဟာ မကြာခင်မှာ “မွတ်ဆလင်မြို့တော်” ဖြစ်သွားနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ထရမ့်က မက်ခရွန်အနေနဲ့ ပြင်သစ်နိုင်ငံထဲ လူတွေကို အလွန်အကျွံ ဝင်ခွင့်ပေးနေတယ်လို့ စွပ်စွဲခဲ့ပြီး၊ နယ်စပ်တွေကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းဖို့ သူ့ရဲ့သတိပေးချက်တွေကို မက်ခရွန်က လျစ်လျူရှုခဲ့တယ်လို့ ဆိုပါတယ်။ "ပါရီက မကြာခင်မှာ မွတ်ဆလင်မြို့တော် ဖြစ်တော့မယ်၊ ဒါက အရောင်းအဝယ်လုပ်နေတာ မဟုတ်ဘူး" လို့ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"ခင်ဗျားတို့က တစ်ကမ္ဘာလုံးက လူတွေကို ဝင်ခွင့်ပေးနေတာ။ တစ်ကမ္ဘာလုံးက လူတွေ ဝင်လာနေကြ တာပဲ" လို့ မက်ခရွန်ရဲ့ လူဝင်မှုမူဝါဒကို ပုတ်ခတ်ပြီး ထပ်ပြောခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတည်းက ဒီလိုမူဝါဒရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်း မက်ခရွန်ကို သူ ကြိုပြောပြခဲ့ဖူးတယ်လို့လည်း ထရမ့်က ဆိုပါတယ်။

"သူ့ကို သိတာ ရှစ်နှစ်၊ ကိုးနှစ်လောက် ရှိပြီ။ သူ့ကို ပထမဆုံး ဆုံဖူးတုန်းက 'ခင်ဗျား တော်တော်ကြီးတဲ့ အမှားလုပ်နေပြီ' လို့ ကျနော် မျက်နှာချင်းဆိုင် ပြောခဲ့ဖူးတယ်" လို့ ထရမ့်က ဆိုပါတယ်။ "အမေရိကန်မှာ ကျုပ်တို့က နယ်စပ်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ခဲ့တယ်။ ဒါပေမဲ့ သူက အဲဒီလို မလုပ်ခဲ့ဘူး" လို့ ပြင်သစ်နိုင်ငံရဲ့ လူဝင်မှုမူဝါဒနဲ့ အမေရိကန်မှာ သူ သမ္မတလုပ်စဉ်က ကျင့်သုံးခဲ့တဲ့ နယ်စပ်ထိန်းသိမ်းရေး မူဝါဒတွေကို နှိုင်းယှဉ်ပြီး ထပ်ပြောခဲ့ပါတယ်။

ထရမ့်ရဲ့ အခုလို မှတ်ချက်စကားတွေ ထွက်ပေါ်လာတာကတော့ လက်ရှိမှာ ပြင်သစ်နိုင်ငံဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံတော် အမှတ်လက္ခဏာဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေး ငြင်းခုံနေကြရချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ပြင်သစ်နိုင်ငံအတွင်း မငြိမ်မသက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး၊ ပြင်သစ် အာဏာပိုင်တွေအနေနဲ့ ကျယ်ပြန့်လာတဲ့ မတည်ငြိမ်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြပါတယ်။ အချို့မြို့ကြီးတွေမှာဆိုရင် ဆန္ဒပြမှုတွေဟာ အကြမ်းဖက် ပဋိပက္ခတွေအဖြစ်အထိပါ အရှိန်မြင့်တက်လာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


Ref: First Post

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)