ရေနံချောင်း၊ အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အထွက်နှုန်းတိုးတက်မြင့်မားရေးနှင့် တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးယဉ်မင်းစိုးနှင့် ဝန်ထမ်းများက ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးနှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို ပညာပေးရှင်းလင်းဆွေးနွေးပြီး ဝါသီးနှံစိုက်ပျိုးလျက်ရှိသော ကျေးရွာအုပ်စု (၃)အုပ်စုမှ မျိုးစေ့ထုတ် ဝါသီးနှံစံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအား ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်သည်။
ထို့နောက် တက်ရောက်လာသည့် ဝါသီးနှံစိုက်တောင်သူများက မိမိတို့ကြုံတွေ့နေရသည့် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများ၊ ပိုးမွှားရောဂါကျရောက်မှုအခြေ အနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး မြို့နယ်အတွင်း ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး
#News #Myanmar



No comments:
Post a Comment