ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပွဲတော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပွဲတော်ကျင်းပ





ပခုက္ကူ၊ အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော  ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှုပွဲတော်ကို ယမန်နေ့က ပခုက္ကူမြို့၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊အမှတ်(၂)အခြေခံပညာ‌အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”နှင့် "မြန်မာ့ကျောင်းသား" သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အမှာစကားပြောကြားသည်။

ထို့နောက်ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအတွင်းထည့်သွင်းကျင်းပသော အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း(Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေးသောကျောင်းသား ကျောင်းသူများ၊ ပန်းချီပြိုင်ပွဲ(အလယ်တန်းအဆင့်)နှင့်ပုံပြင်ပြောပြိုင်ပွဲ(မူလတန်းအဆင့်)တို့တွင် ဆုရရှိသူများအား ဆုမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ၊ အခြေခံပညာကျောင်း(၈)ကျောင်းရှိ ကျောင်းစာကြည့်တိုက်များအတွက် သုတရသစာအုပ်စာစောင်များကို  ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များကပေးအပ်ချီးမြှင့်ကြပြီးတက်ရောက်လာသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သုတရသဆိုင်ရာစာအုပ်စာစောင်များ၊ လှပ သာယာပြည်မြန်မာရောင်စုံဓာတ်ပုံများနှင့်အသိပညာပေးနံရံကပ်ပြဘုတ်ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)