ရွာငံ၊ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး(၁)၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးကျော်မျိုးသန့်က နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေ ထုတ်ချေးမှုစီမံကိန်းနှင့်ပတ်သက်၍ စာချုပ်ပါအချက်အလက်များအား ရှင်းလင်းဖတ်ကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခြားစီးပွားရေး(ကုန်ထုတ်)လုပ်ငန်းဆောင်ရွက်ကြမည့် အဖွဲ့များနှင့်စာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ချေးငွေထုတ်ချေးကြသည့် လုပ်ငန်းအစုအဖွဲ့ (၁၅)ဖွဲ့သို့ ချေးငွေကျပ်သန်း (၆၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
#News #Myanmar



No comments:
Post a Comment