မြဝတီမြို့နယ် ပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အိမ်အမိုးသွပ်နှင့်ဘိလပ်မြေအိတ်များ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့နယ် ပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အိမ်အမိုးသွပ်နှင့်ဘိလပ်မြေအိတ်များ ပေးအပ်


မြဝတီ၊ အောက်တိုဘာ ၁၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စု၊ သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အိမ်အမိုးသွပ်နှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ၌ သင်္ဃန်းညီနောင်ကျေးရွာရှိ ရွာလယ်ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်က သင်္ဃန်းညီနောင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍  ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး  ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် သွပ်၊ ဘိလပ်မြေအိတ်များကို ဆက်လက်ပေးအပ်ခဲ့ရာ ကရင်ပြည်နယ်လွတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့်အဖွဲ့ဝင် ဦးအောင်မျိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သင်္ဃန်းညီနောင်ကျေးရွာ ရှိ အိမ်ထောင်စု (၄၆) စုအတွက် ဘိလပ်မြေအိတ် (၂၀၈၀) အိတ်နှင့် အိမ်အမိုးသွပ် (၇၄၀၀) ချပ်တို့ကို ပေးအပ်ခဲ့ရာ တက်ရောက်လာကြသည့်  သင်္ဃန်းညီနောင်ကျေးရွာနေပြည်သူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် သင်္ဃန်းညီနောင်ကျေးရွာနေပြည်သူများ ကိုယ်စား ပြည်သူ (၁) ဦးက ကျေးဇူးတင်စကားကို ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများကို ပြည်သူများက ဆွေးနွေးတင်ပြခဲ့ကြရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ဆောင်းနှင်းဖြူ 

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)