ကွမ်ကျိုး၊ အောက်တိုဘာ ၁၆
၁၄၀ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ကို အောက်တိုဘာလ ၁၅ ရက်က စတင်ကျင်းပခဲ့ပြီး ပွဲစဉ်တစ်ခုလုံးတွင် ကုမ္ပဏီလုပ်ငန်း ၃၀,၀၀၀ ကျော် ပါဝင်ပြသကာ နိုင်ငံခြားဝယ်လက် ၃၄၀,၀၀၀ ခန့် ပြပွဲသို့ လာရောက်ဝယ်ယူမှုများ ပြုလုပ်ခဲ့ကြသည်။
၁၄၀ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲကို အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ အပိုင်း (၃) ပိုင်း ခွဲ၍ ကွမ်းကျိုးမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ထိုအပိုင်း (၃) ပိုင်း၏ ခေါင်းစဉ်များမှာ “ခေတ်မီကုန်ထုတ်လုပ်မှု” ၊ “အရည်အသွေးကောင်းမွန်သော အိမ်သုံးပစ္စည်းများ” နှင့် “သာယာလှပသော နေထိုင်မှုဘဝ” ဟူ၍ဖြစ်သည်။ နှစ်ပေါင်း ၇၀ အတွင်း ကွမ်ကျိုးကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ၏ အကြီးဆုံး၊ သက်တမ်းအရှည်ကြာဆုံး၊ ကုန်ပစ္စည်း အစုံလင်ဆုံး၊ ကုန်သည်လာရောက်မှု အများဆုံး နှင့် ကုန်သွယ်မှုရလဒ် အကောင်းဆုံးဖြစ်သော နိုင်ငံတကာကုန်သွယ်ရေးပွဲတော်ကြီး ဖြစ်လာခဲ့သည်။
Ref - (Xinhua)
#News #Myanmar










No comments:
Post a Comment