ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံအိလျောမှုအခြေအနေနှင့် ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံအိလျောမှုအခြေအနေနှင့် ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး







ပုသိမ်၊ အောက်တိုဘာ ၁၁

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ကာကွယ်ထိန်းသိမ်းမှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးတို့သည် မမြရေလှောင်တမံ၊ အရေးပေါ်ရေပိုလွှဲအား မြေတူးစက် (၁) စီးဖြင့်  ၃၁၂ပေမှ ၃၀၇ပေ သို့ ထပ်မံနှိမ့်ချ၍ ရေလျှော့ချနိုင်ရန် ဆောင်ရွက်နေမှု၊ တမံအိလျောကျမှုအား ကာကွယ်ထိန်းသိမ်း နိုင်ရန် အတွက် တမံအောက်ခြေ ဆင်ခြေလျော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံတာအောက်ခြေအား ပိုမို ခိုင်မာတောင့်တင်းမှုရှိစေရန် မြေတူးစက် (၃) စီး၊ မြေထိုးစက် (၁) စီး၊ မြေသယ်ယာဉ် (၇) စီး တို့ဖြင့် ဆက်လက်ဆောင်ရွက်နေမှု၊ ရေထုတ်ပြွန်မှ ရေတံခါး ၂ ပေါက်ဖြင့် ပျမ်းမျှ ၄၀၀ ကုဗပေ/ စက္ကန့်နှုန်းခန့်ဖြင့် ထုတ်လွှတ်နေမှု၊ တမံ၏အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံအိလျောနေရာ တစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းဒဏ် မခံရစေရန် အတွက် မိုးကာရေဖျင်များ စနစ်တကျ အုပ်မိုးကာကွယ်ခြင်းနှင့်အတူ တမံအိလျောမှုအခြေအနေနှင့် ကာကွယ်ထိန်းသိမ်းမှု အခြေအနေများနှင့် မမြရေလှောင်တမံ၏ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ် ဆောင်ရွက်နေသဖြင့် ရေဝါချောင်းအတွင်း ရေစီးဆင်းဝင်ရောက်မှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာ တာဝန် ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)