CMP ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ၏ ၃/၂၀၂၆ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

CMP ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ၏ ၃/၂၀၂၆ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၁၈

CMP ပို့ကုန် သွင်းကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်‌ကော်မတီ၏ ၃/၂၀၂၆ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် - UMFCCI အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် CMP ကဏ္ဍ ပြည်ပပို့ကုန်တင်ပို့မှု ပိုမိုတိုးတက်စေရေးအတွက် ထုတ်လုပ်မှုတန်ဖိုးကွင်းဆက် Supply Chain တစ်လျှောက် ဟန်ချက်ညီညီဆောင်ရွက်ရေး အရည်အသွေးပြည့်မီသော CMP လုပ်ငန်းများကို လျာထားချက်ကျော်လွန်အောင် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်ပဈေးကွက် ပိုမိုရရှိအောင်ဆောင်ရွက်ရေး၊ ပြည်တွင်းသုံးစွဲရန်အတွက် လုံလောက်စွာဖြန့်ဖြူးပေးရေး၊ ပို့ကုန်ပိုမိုတင်ပို့နိုင်ရေးအတွက် ထုတ်လုပ်သူ၊ ပို့ကုန် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရေး၊ မျှတသည့်ကုန်သွယ်မှု ဖြစ်ပေါ်စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေ‌ရေး ဆောင်ရွက်သွားကြရန်နှင့် တရားမဝင်တင်ပို့ခြင်း၊ တင်သွင်းခြင်းများ မရှိစေရေးအတွက် အစိုးရနှင့် လုပ်ငန်းရှင်များ ပူးပေါင်းတားဆီးဆောင်ရွက်သွားကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများနှင့် အ‌သေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ (MSME) က ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွား မည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့် ပူးပေါင်း၍ ကုန်သွယ်မှုတိုးချဲ့တင်ပို့နိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ အ‌သေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSME)၊ CMP ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ပြည်ပနိုင်ငံများမှ စီးပွားရေးသံမှူးများက Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)