ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း(၁၉)မိုင်တွင် ပြင်ဦးလွင်မှ မန္တလေးသို့ မောင်နှင်လာသော Express ယာဉ်ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်၊ လမ်းဘေးချောက်ထဲ ထိုးကျ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း(၁၉)မိုင်တွင် ပြင်ဦးလွင်မှ မန္တလေးသို့ မောင်နှင်လာသော Express ယာဉ်ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်၊ လမ်းဘေးချောက်ထဲ ထိုးကျ






မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း(၁၉)မိုင်တွင် ၂၄.၁၀.၂၀၂၆ ရက်နေ့၊ ၁၈ ၀၅ အချိန်ခန့် ပြင်ဦးလွင်မှ မန္တလေးသို့ မောင်နှင်လာသော YU TONG အမျိုးအစား Express ယာဉ်ဘရိတ်ပေါက်ပြီး မန္တလေးမှ ပြင်ဦးလွင်သို့မောင်းနှင်လာသော NISSAN WINGROAD AD VAN အမျိုးအစား(ခဲရောင်)နှင့် မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားပြီး Express ယာဉ်သည် ပေအနက်(၅၀)ခန့်ရှိလမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ဗဟိုမီးသတ်သင်တန်းကျောင်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်ခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါဖြစ်စဉ်ကြောင့် NISSAN WINGROAD AD VAN အမျိုးအစား (ခဲရောင်)ယာဉ်မောင်းကျား(၁)ဦး(‌ေ-သဆုံး)၊ YU TONG အမျိုးအစား Express ယာဉ်ပေါ်ပါ (၂၉) ဦး အနက် (၅)ဦး(‌ေ-သဆုံး)၊  ထိခိုက်ဒဏ်ရာရရှိသူ(၁၂)ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပျောက်ဆုံးနေသူ(၁၂)ဦးအား ဆက်လက်စုံစမ်းရှာဖွေလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။


#MFSD

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)