ဂန့်ဂေါ၊ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရဒါနကျွေးမွေးခြင်းကို ဂန့်ဂေါတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တင်ဇော်ဝင်းနှင့် တပ်နယ်မိသားစုများမှလှူဒါန်းမှုဖြင့် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် အာဟာရ ဒါနများ ကျွေးမွေးခဲ့ကြသည်။
ထိုသို့ အာဟာရဒါနကျွေးမွေးခြင်းကို ဂန့်ဂေါတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တင်ဇော်ဝင်းနှင့် တပ်နယ်မိသားစုများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၇)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ (၂၈၃)ဦးအား သက်ဆိုင်ရာကျောင်းအုပ်ကြီးများဦးဆောင်၍ အတန်းမှူးများ၊ ဆရာ/ဆရာမများပူးပေါင်းကာ နေ့လယ်စာ ထမင်း၊ ဟင်းနှင့် အာဟာရဖြစ်စေမည့် အသီးအနှံများကို ကျွေးမွေးခဲ့ကြသည်။
အဆိုပါ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရဒါနကျွေးမွေးရာသို့ ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ ဂန့်ဂေါတပ်နယ်မှတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒေါ်ယဉ်နွဲ့ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးမှူး ဦးထွန်းဇော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများက ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
မောင်မျိုးမင်း
#News #Myanmar





No comments:
Post a Comment