လွိုင်ကော်၊ အောက် ၂၇
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ သီတင်းကျွတ်လပြည်အဘိဓမ္မာနေ့၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်သူများအနေဖြင့် ဘုရားကျောင်းကန်နှင့် အပန်းဖြေနေရာများ၊ အထင်ကရနေရာများသို့သွားရောက်ပြီး ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းများ၊ အပန်းဖြေလည်ပတ်ခြင်း များ ပြုလုပ်လျက်ရှိရာ နေ့လည်ပိုင်းတွင် KNPP/ KNDF/ PDF အကြမ်းဖက်သောင်းကျန်းသူများက လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာအတွင်းသို့ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းတော်ကြီး ကျောင်းဝန်းအနီးနှင့် လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ကျား ၂ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဒဏ်ရာရရှိခဲ့သော ဒေသခံတိုင်းရင်းသားပြည်သူများအား လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သီတင်းကျွတ်လပြည့်နေ့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ နေထိုင်လျက်ရှိသည်ကို KNPP/ KNDF/ PDF အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်သော လုပ်ရပ်သည် လူမဆန်သည့် လုပ်ရပ်ဖြစ်ပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ရာဇဝတ်မှုမြောက်သော လုပ်ရပ်ဖြစ်သည်။
#News #Myanmar












No comments:
Post a Comment