'Made in Myanmar' ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်၌ မျက်နှာပန်းလှလှ ယှဉ်ပြိုင်တင်ပို့လိုပါက ယင်းထုတ်ကုန်များကို မြန်မာနိုင်ငံတွင်း၌သာ ထုပ်ပိုး ထုတ်လုပ်နိုင်သည့် စွမ်းအား packaging industry supply chain ကို ခိုင်ခိုင်မာမာ တည်ဆောက်ရန် လိုအပ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

'Made in Myanmar' ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်၌ မျက်နှာပန်းလှလှ ယှဉ်ပြိုင်တင်ပို့လိုပါက ယင်းထုတ်ကုန်များကို မြန်မာနိုင်ငံတွင်း၌သာ ထုပ်ပိုး ထုတ်လုပ်နိုင်သည့် စွမ်းအား packaging industry supply chain ကို ခိုင်ခိုင်မာမာ တည်ဆောက်ရန် လိုအပ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ပြောကြား







ရန်ကုန်၊ အောက်တိုဘာ ၁၃

လုပ်ငန်းတစ်ခု၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် Packaging  ကဏ္ဍတိုးတက်ရေးနှင့် Innovation and Technology ကို အသုံးပြု၍ မြန်မာ့ Packaging လုပ်ငန်းများကို အဆင့်မြှင်တင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည့်  Myanmar Packaging Forum 2026 သို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ  ဦးအေးဝင်း တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

အဆိုပါ Myanmar Packaging Forum 2026 ကို အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပခဲ့ရာ စက်မှုနှင့် အ‌သေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်းက video clip ဖြင့် အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ  ဦးအေးဝင်းက အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ  ဦးအေးထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက အမှာစကားပြောကြားရာတွင် "မိမိတို့အနေဖြင့် 'Made in Myanmar' ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်၌ မျက်နှာပန်းလှလှ ယှဉ်ပြိုင်တင်ပို့လိုပါက ယင်းထုတ်ကုန်များကို မြန်မာနိုင်ငံတွင်း၌သာ ထုပ်ပိုး ထုတ်လုပ်နိုင်သည့် စွမ်းအား packaging industry supply chain ကို ခိုင်ခိုင်မာမာ တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ Packaging ကဏ္ဍသည် အခြားကဏ္ဍအသီးသီးအတွက် အရေးကြီးသည့် အထောက်အကူပြု ကဏ္ဍဖြစ်သော်လည်း၊ သီးသန့် ဦးစားပေးကဏ္ဍ တစ်ခုအဖြစ် သတ်မှတ်မခံရဘဲ ဘေးထွက် အရန်လုပ်ငန်းတစ်ခု (incidental by product) အဖြစ်သာ ဆက်လက်ရှိနေသေးကြောင်း၊ ယင်းအတွက် Packaging ကဏ္ဍကို မရှိမဖြစ်လိုအပ်သော မောင်းနှင်အားပေးသည့် အဓိက စက်မှုလုပ်ငန်း ကဏ္ဍတစ်ရပ်အဖြစ် တရားဝင် အသိအမှတ်ပြုရန်နှင့် သီးခြားစက်မှုဇုန် နေရာလျာထားပေးခြင်း၊ တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးခြင်းနှင့် Capital machinery များအတွက် တင်သွင်းခွင့်ဦးစားပေးရန်နှင့် Packaging industry တွင် အဓိက အသုံးပြုသည့် ကုန်ကြမ်းများအတွက် "Green Channel" သို့မဟုတ် အရှိန်မြှင့် လိုင်စင်ထုတ်ပေးသည့် လုပ်ငန်းစဉ် လမ်းကြောင်း တစ်ခု ထူထောင်ပေးရန် လိုအပ်ပါကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။ 

ထို့နောက် Seminar Section ကို ကျင်းပခဲ့ပြီး Panel Discussion ကို အပိုင်း ၅ ပိုင်းဖြင့် ကျင်းပခဲ့ကာ Panelist များအဖြစ် UPG Paint & Coating Co., Ltd မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအေးဟန်၊ San Kaung Industry Co., Ltd နှင့် PME Holding Group မှ ဒါရိုက်တာ ဦးခင်မောင်မြတ်၊ Grand Winner Co., Ltd နှင့် Lin Aung Zay Ya Co., Ltd မှ မန်းနေးဂျင်း ဒါရိုက်တာ ဦးသန်းထိုက်လင်း၊ Shangrila- Leap Int’l Co., Ltd မှ အမှုဆောင်အရာရှိချုပ် AVA Pacific Co., Ltd မှ အုပ်ချုပ်မှု ဒါရိုက်တာ Myanmar Cosmetics Association မှ ဒုတိယ ဥက္ကဋ္ဌ  ဦးသန့်ဇော်ကို နှင့် ရန်ကုန်တိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန MSME ဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မူမူအေး တို့က ဆောင်ရွက်ခဲ့ပြီး Moderator အဖြစ် Jewel Ko Lay Co., Ltd မှ မန်းနေးဂျင်း ဒါရိုက်တာ ဦးကိုလေးက ဆောင်ရွက်ခဲ့သည်။ ထို့နောက် အမေးအဖြေကဏ္ဍတွင် တက်ရောက်လာသူများက သိရှိလိုသည် များကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေး ဖြေကြားခဲ့ကြသည်။

ယင်းနောက် ဆွေးနွေးမှု ရလဒ်များအား Jewel Ko Lay Co., Ltd မှ မန်းနေးဂျင်း ဒါရိုက်တာ ဦးကိုလေးက ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ထင်ကျော်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။


ကုန်သည်စက်မှု အသင်းချုပ် (UMFCCI)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)