ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော် ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်










ပဲခူး၊ အောက်တိုဘာ ၂၆

 ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားဝင်းအတွင်း၌ အောက်တိုဘာလ ၂၆ ရက်နေ့၊ ညပိုင်းအချိန်က လယ်ယာသုံး စက်ကိရိယာ နှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ  ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံး စက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော် ဖွင့်ပွဲအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွဋ်၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးလယ်ယာသုံးစက်မှုထုတ်ကုန်အသင်း ဥက္ကဋ္ဌ ဦးငယ်လေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး တိုင်းဒေသကြီတရားလွှတ်တော် တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများတို့သည် လယ်ယာသုံး စက်ကိရိယာနှင့် ဒေသ ထွက်ကုန် MSMEs ဈေးရောင်းပွဲတော်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

 အဆိုပါ လယ်ယာသုံး စက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်၌ ပဲခူးတိုင်း ဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်(၄၂)ဦး၏ လူသုံးကုန်၊ စားသုံးကုန်နှင့် တိုင်းရင်း ဆေးဝါး စုစုပေါင်း အမျိုးအစား(၃၀၀)ကျော်နှင့် လယ်ယာသုံးစက်ကိရိယာထုတ်လုပ်သူ လုပ်ငန်းရှင်(၂၀) ဦး၏ လယ်ယာလုပ်ငန်းသုံးပစ္စည်းနှင့် သဘာဝမြေဩဇာ အမျိုးအစားပေါင်း(၈၀)ကျော်နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ(တောင်ငူ)မှ ကျောင်းသား/သူများ၏ စမ်းသပ်တီထွင်ထားသည့် လယ်သုံးလုပ်ငန်းသုံးပစ္စည်း များ ခင်းကျင်းပြသရောင်းချလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ တောင်သူများမှ လာရောက်လေ့လာ ဝယ်ယူ သူများနှင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)