မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံးမှ အင်ဒို-ပစိဖိတ်ဆိုင်ရာ ဒုတိယဝန်ကြီး Rt Hon Baroness Winterton နှင့် အာဆီယံ-လန်ဒန်ကော်မတီ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံးမှ အင်ဒို-ပစိဖိတ်ဆိုင်ရာ ဒုတိယဝန်ကြီး Rt Hon Baroness Winterton နှင့် အာဆီယံ-လန်ဒန်ကော်မတီ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး




လန်ဒန်၊ အောက်တိုဘာ ၁၇

မြန်မာသံရုံး၊ လန်ဒန်မြို့၏ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းတွင် ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး၌ ကျင်းပခဲ့သည့် အင်ဒို-ပစိဖိတ်ဆိုင်ရာ ဒုတိယဝန်ကြီး Rt Hon Baroness Winterton နှင့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN-London Committee - ALC) တို့ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ သံရုံးအကြီးအကဲများက ဗြိတိန်နိုင်ငံမှ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံ ဖြစ်လာသည့် (၅) နှစ်တာ ကာလအတွင်း အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအပေါ်  ကြိုဆိုခဲ့ကြပြီး၊ အာဆီယံနိုင်ငံများနှင့် ဗြိတိန်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်၊ အစားအစာဖူလုံရေး၊ ဉာဏ်ရည်တုနည်းပညာ၊ ရာသီဥတုပြောင်းလဲမှု၊ ပညာရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

မြန်မာသံရုံးယာယီတာဝန်ခံမှလည်း မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ မြန်မာနိုင်ငံ၏ ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ဗြိတိန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေး၊ ဗြိတိန်နိုင်ငံသို့ လာရောက်ပညာသင်ကြားလိုသည့် မြန်မာကျောင်းသားလူငယ်များကို ဗြိတိန်အစိုးရမှ ပြည်ဝင်ဗီဇာကန့်သတ်ထားမှုအား ဖြေလျော့ပေးရေး အစရှိသည့် ကိစ္စရပ်များအပေါ်  ဆွေးနွေးခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)