အောက်တိုဘာ- ၁၉ ( တနင်္လာနေ့ )
ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် လည်ပတ်သူ ဝင်ရောက်မှုနှုန်း ကျဆင်းလာခြင်း၊ အိမ်ထောင်စု အကြွေးတင်မှု မြင့်မားလာခြင်းနှင့် ဒေသတွင်း ယှဉ်ပြိုင်မှုများ ကြီးထွားလာခြင်းတို့ကြောင့် နိုင်ငံ၏ စီးပွားရေးကို ခရီးသွားလုပ်ငန်းတစ်ခုတည်းနဲ့ ဆက်လက် တာဝန်ယူဖို့ရာက မဖြစ်နိုင်တော့ဘူးလို့ ထိုင်ဂျာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
နေရှင်း သတင်းစာရဲ့ အောက်တိုဘာ ၁၇ ရက်နေ့ အစီရင်ခံစာအရ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) ရဲ့အုပ်ချုပ်ရေးမှူး ယူသက္က စုပဆွန်း က ထိုင်းနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းအပေါ် အလွန်အမင်း မှီခိုအားထားနေမှုကို လျှော့ချသင့်ပြီး ရေရှည်စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုမည့် အခြားစက်မှုကဏ္ဍများကိုပါ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၃၂.၉၇ သန်းသာ ဝင်ရောက်ခဲ့ရာ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇.၂၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်က စံချိန်တင်ခဲ့သော ၃၉.၉ သန်းအောက် သိသိသာသာ နိမ့်ကျနေပါတယ်။ နိုင်ငံတကာ ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေမှာလည်း ၄.၇၁ ရာခိုင်နှုန်း ကျဆင်းသွားကာ ဘတ်ငွေ ၁.၅၃ ထရီလီယံဝန်းကျင်သာ ရှိခဲ့ပါတယ်။
ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် တရုတ်နိုင်ငံက ပြည်တွင်း ခရီးသွားလာမှုကို အားပေးမြှင့်တင်မှုများကြောင့် ယခင်က တစ်နှစ်လျှင် ၁၁ သန်းကျော် ဝင်ရောက်လေ့ရှိသည့် တရုတ်ခရီးသွားအရေအတွက် သိသိသာသာ လျော့ကျသွားခြင်းသည် အဓိက စိုးရိမ်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာနေသည်။ ဥရောပနှင့် အရှေ့အလယ်ပိုင်းမှ ခရီးသည်များသည် တစ်ဦးချင်းအလိုက် ငွေကြေးသုံးစွဲမှု ပိုမိုများပြားသော်လည်း အရေအတွက် နည်းပါးခြင်းကြောင့် တရုတ်ခရီးသည်များ ကျဆင်းသွားမှုကို မဖြည့်ဆည်းပေးနိုင်သေးပေ။
ထို့အပြင် ခရီးသွားလုပ်ငန်းမှ ရရှိသော ဝင်ငွေရဲ့ ၂၈.၃၇ ရာခိုင်နှုန်းခန့်မှာ တင်သွင်းကုန်ပစ္စည်းများ၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်း အမြတ်အစွန်းများနှင့် နိုင်ငံတကာ ကြိုတင်မှာယူရေး ပလပ်ဖောင်းများမှတစ်ဆင့် ပြည်ပသို့ ပြန်လည်ထွက်ခွာသွားနေကြောင်း သုတေသနများအရ သိရသည်။
ယူသက္ကက ထိုင်းနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ဆဲ ဖြစ်သော်လည်း ရေရှည် စီးပွားရေး ကြံ့ခိုင်မှုအတွက် အဆင့်မြင့်ထုတ်လုပ်ရေး၊ နည်းပညာနှင့် အစိမ်းရောင် စက်မှုလုပ်ငန်းများ ဘက်သို့ ကူးပြောင်းရန် လိုအပ်ကြောင်း အလေးပေး ပြောကြားသွားခဲ့ပါတယ်။
REF: Thaiger
#News #Myanmar



No comments:
Post a Comment