ကမ္ဘာ့စံချိန်စံညွှန်းနေ့(World Standards Day 2026) အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့စံချိန်စံညွှန်းနေ့(World Standards Day 2026) အခမ်းအနားကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၁၅

(၁၄)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့ (World Standards Day 2026) အခမ်းအနားကို ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ယခုနှစ်ကမ္ဘာ့စံချိန်စံညွှန်းနေ့ ဆောင်ပုဒ်သည် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ စသည့်ကဏ္ဍ နယ်ပယ်အစုံအလင်တွင် စံချိန်စံညွှန်းများ၏ အရေးပါမှုကို အသိပညာပေးရန်ဖြစ်ပြီး မိမိတို့နိုင်ငံတွင်လည်း စံချိန်စံညွှန်းသတ်မှတ်ခြင်းကို အလေးထားဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာစံချိန်စံညွှန်း ၁၁၃၁ ခုကို အတည်ပြုချမှတ်နိုင်ခဲ့ပြီး ချမှတ်ခဲ့ပြီးသော စံချိန်စံညွှန်းများနှင့်အညီ ကျင့်သုံးခြင်းဖြင့် မိမိတို့ထုတ်ကုန်များ အရည်အသွေးပြည့်မီပြီး နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်ရေး အခွင့်အလမ်းကောင်းများ ရရှိစေမည်ဖြစ်ပါကြောင်း အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့ကြီး၏ Secretary General Mr. Sergio Mujica ၏ အမှာစကားနှင့် ISO ၏ World Standards Day (2026) ဆိုင်ရာ ဗီဒီယိုပြသသည်။

ထို့ပြင် သက်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီများက Clean Energy And Energy Manage-ment System (MMS ISO 50001: 2011)ကိုလည်းကောင်း၊ Renewable Energy (Photovoltaic) နှင့် Energy Efficiency ဆိုင်ရာ စံချိန်စံညွှန်းများကိုလည်းကောင်း၊ AI Standards and Clean Energy Provision ကို လည်းကောင်း ကဏ္ဍအလိုက် ဆွေးနွေးပြောကြားကြသည်။

အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များဖြစ်ကြသော ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီဝင်များ၊ UMFCCI နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးဆိုင်ရာအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)