ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27 ASEAN Chiefs of Army Multilateral Meeting 27th ACAMM) တက်ရောက်ရန် မလေးရှားနိုင်ငံသို့ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27 ASEAN Chiefs of Army Multilateral Meeting 27th ACAMM) တက်ရောက်ရန် မလေးရှားနိုင်ငံသို့ရောက်ရှိ










နေပြည်တော်၊ နိုဝင်ဘာ ၁၆

မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၇) ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး (27th ASEAN Chiefs of Army Multilateral Meeting- 27th ACAMM) သို့ တက်ရောက်မည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ရာ မလေးရှားတပ်မတော်မှ အရာရှိကြီးများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦး နှင့် ဇနီး၊ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့သည် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး မလက္ကာမြို့ရှိ Double Tree Hotel သို့ရောက်ရှိကြရာ မလေးရှားတပ်မတော်မှ အမှတ် (၁၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဒါတိုဆဖ်ဝမ် နှင့်တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် ညနေပိုင်းတွင် အဆိုပါဟိုတယ်ရှိ Strait-1 ခန်းမ၌ ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါနာ ကလာ အူပလော့တွတ် (Pana Claew-plodtook)နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊လေ)တို့ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် ဦးစီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသလုံခြုံရေးနှင့် .. တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါး၊ တရားမဝင်နယ်စပ် ကုန်သွယ်ရေးဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် တားဆီး ကာကွယ် နှိမ်နင်းလျက်ရှိမှုကိစ္စရပ်များ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တစ်ချို့၏ အကာအကွယ်ဖြင့်နှစ်နိုင်ငံနယ်စပ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ ကျူးလွန်ရာ၌ လိုအပ်သည့် ရိက္ခာ၊ စက်သုံးဆီ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထိုင်းနိုင်ငံဘက်မှ ပူးပေါင်းကာကွယ် တားဆီးပေးရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)သည် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့် အထိမ်း အမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)