ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်နှိမ်နင်းရေးက အစောပိုင်းကာလလို့ စိုးရိမ်သောကနဲ့ ပူပန်နေရတာမျိုး မဟုတ်တော့ပါဘူး။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ပေါက်တော စစ်မျက်နှာစုံမှာ တပ်မတော်က ထိရောက်ပြတ်သားစွာ ချေမှုန်းရှင်းလင်းနေတာကို ဒရုန်းမှတ်တမ်းတွေအရ သိမြင်နိုင်ပါတယ်။
ရခီး AA အကြမ်းဖက်အဖွဲ့ အပါအဝင် KIA/ KNU/ PDF အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်က တိုက်ပွဲအတွင်းမှာ သူတို့ရဲ့ အကြမ်းဖက်သမားအဖြစ် အမှုထမ်းနေသူများကို မူးယစ်ဆေးကြွေးပြီး အရိုင်းစိတ်သွင်းထားပါတယ်။ အကြမ်းဖက်သမားတွေဟာ ဆေးကြောင်ပြီး သေမထူး နေမထူး လုပ်နေတာတွေကြောင့်လည်း ပိုမိုထိခိုက်သေဆုံးရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
ဆေးကြောင်နေတဲ့ အကြမ်းဖက်သမားတစ်ဦးဟာ အသိဉာဏ်ဆင်ခြင်တုံတရားကင်းမဲ့ပြီး ပစ်ဆို တလစပ်ပစ်၊ တက်ဆိုရင် သေမထူးနေမထူး တက်တိုက်တဲ့ အနေအထားမျိုးတွေ စစ်မြေပြင်မှာ မြင်တွေ့နေရပါတယ်။ တချို့ဆိုရင် ထိခိုက်ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေတာတောင် မူးယစ်ဆေးအလွန်အကျွံသုံးစွဲထားတဲ့အတွက် ဟီးဟီးဟားဟား လုပ်နေတာမျိုးတွေ စစ်မြေပြင် အတွေ့အကြုံရှိသူတွေက ပြောပြဖူးပါတယ်။
၄၉၂၆ စစ်ဆင်ရေးကြီး စတင်ခဲ့တဲ့အချိန်ကစပြီး ရခိုင်စစ်မျက်နှာပြင်တွေမှာ ရခီးAA အကြမ်းဖက်သမားတွေ သေဆုံးဒဏ်ရာရတာ တော်တော်များများရှိခဲ့တယ်ဆိုတာ ဒရုန်းvideo မှတ်တမ်းတွေမှာ တွေ့ရှိနေပါတယ်။ တပ်မတော်ကလည်း ဒီဒရုန်းတိုက်ခိုက်မှုကို ကောင်းကောင်းအသုံးချ ချေမှုန်းနေလို့ အခုချိန်မှာ ရခီး AA အကြမ်းဖက်သမားတွေ အလူးအလဲ ရင်ဆိုင်ခံစားရနေရပြီဆိုတာ ငြင်းလိုမရပါဘူး။
ရခီးAA အကြမ်းဖက်အဖွဲ့ရဲ့ စနိုက်ပါသမားတွေလည်း တပ်ရဲ့ဒရုန်းဗုံးစာမိလို ယောင်လိုတောင် ချောင်းမပစ်ရဲ့တော့ပါဘူး။ တပ်ရဲ့ ကင်းထောက်ဒရုန်းတွေက အမြဲပျံဝဲပြီး ပစ်မှတ်ရှာ Drop Bombချနေလို့ပါပဲ။ ပြီးခဲ့တဲ့ရက်ကဆိုရင် ပစ်မှတ်လိုက်ရှာနေတဲ့ တပ်ရဲ့ကင်းထောက်ဒရုန်းနဲ့တွေလို့ AA သူပုန်တွေ ၃၀ကျော် သေပြီး ၂၀ကျော် ဒဏ်ရာရသွားခဲ့တာလည်း ရှိပါတယ်။
ရခီး AA အကြမ်းဖက်အဖွဲ့ရဲ့ အခြေအနေက စစ်မျက်နှာပြင်မှာ စားနပ်ရိက္ခာ ငတ်ပြတ်တဲ့ အခြေအနေမျိုးဖြစ်လာချိန်မှာ ရခီး AA ခေါင်းဆောင်တွေက သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးကျွေးပြီး အတင်းဇွတ်တိုး သေခိုင်းနေတာတွေ ရှိနေပါတယ်။
မြေပြင်မှာ စစ်တွေမပြောနဲ့ စစ်တွေမြို့နယ် အစွန်းက ရွာနားကိုတောင် တိုးမပေါက်ပါဘူး။ ဆေးကြောင်ပြီး တက်လာတဲ့ ငမိုက်သားတွေလည်း အသေပဲ ရပါလိမ့်မယ်။ ဒီလိုစစ်ရေးအခြေအနေအမှန်ကို မျက်ကွယ်ပြုပြီး ရခီးခိုင်သုခက ပေါက်ပန်းစေပြောသလို သူပုန်အားပေး ရခီးမီဒီယာတွေက အွန်လိုင်းမှာ လုပ်ကြံသတင်းတွေနဲ့ ဝါဒဖြန်နေ့တာ ရှက်စရာပါပဲ။
ရခီး AA အကြမ်းဖက်အဖွဲ့ကို လော်ဘီလုပ်နေတဲ့ ရခီးမီဒီယာတွေက စစ်တမ်းထုတ် ရေးသားဖော်ပြရာမှာ ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အကြမ်းဖက်သမား သေဆုံးမှု အခြေအနေတွေကို မြင်တွေ့နေရပါတယ်။ အကြမ်းဖက်လှုံ့ဆော် မီဒီယာတွေရဲ့ သဘောသဘာဝအတိုင်းပဲ အကြမ်းဖက်သမား ထိခိုက် သေဆုံးတဲ့အခါ ဒေသခံပြည်သူလို့ ခေါင်းစဉ်တပ်ပြီး ရေးတာမျိုးတွေကိုလည်း မြင်တွေ့နေရပါတယ်။ ခရီးမီဒီယာတွေနဲ့ အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး ဝရမ်းပြေးတွေက စစ်တွေမြို့ကို ရခီး AA အကြမ်းဖက်အဖွဲ့က သိမ်းပိုက်တော့မှာလိုလို ရုပ်သံမှတ်တမ်းအဟောင်းတွေနဲ့ လုပ်ကြံဝါဒဖြန့်ခဲ့တာကလည်း ဟာသတစ်ခု အဖြစ်ပါပဲ။
ရခီး AA အကြမ်းဖက်အဖွဲ့ စစ်ရေးအရ အရေးနိမ့်လာချိန်မှာ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ အဖွဲ့ (၇၀) က ရခိုင်ပြည်နယ်ကို လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုတဲ့သတင်းတွေလည်း ပြည်ဖျက်မီဒီယာတွေက ဝေဝေဆာဆာ ဖြန့်ဝေပေးလျက်ရှိပါတယ်။ အရမ်းကို အောက်တန်းစား ဆန်လွန်းပါတယ်။ အမျိုးကို ချစ်ရင် အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်ပါ။ လူငယ်တွေကို သေတွင်းထဲ မပို့ပါနဲ့။ ရခိုင်ပြည်နယ် အေးချမ်းဖို့ ရခီးAA အကြမ်းဖက်အဖွဲ့ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ရမယ်။ ရခီးထွန်းမြတ်နိုင် ဦးဆောင်တဲ့ အကြမ်းဖက်လှုပ်ရှားမှုဟာ ရခိုင်ပြည်နယ်လွတ်မြောက်ရေး မဟုတ်ဘူး။ ရခီးထွန်းမြတ်နိုင်ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ မူးယစ်ဆေးဝါး သယ်ယူဖြန့်ချိရေးအတွက် ရခိုင်ပြည်သူတွေဟာ အသုံးချခံလိုက်ရတာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး သယ်ယူရောင်းချခြင်းကြောင့် ဖမ်းဆီးခံထားရတဲ့ ရခိုင်တွေလည်း အများကြီးပါ။ အာရက္ခနိုင်ငံတော်လို့ ဂျင်းထည့်ပြီး သေပွဲဝင်ခဲ့ရတဲ့ ရခိုင်တွေလည်း များပြီမဟုတ်လား။ NUG အကြမ်းဖက်အဖွဲ့က နီပိန်း ပြည်သူတွေကို ၂၀၂၃ နိုင်တော့မှာ၊၂၀၂၄ နိုင်တော့မှာလို့ ဂျင်းထည့်ခဲ့သလိုပါပဲ။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့တွေရဲ့ ဂျင်းမိပြီး ကိုယ့်သားသမီးကို ကျောင်းမထားဘဲ နေခဲ့မိတဲ့ မိဘတွေ နောင်တရကြတယ်။ NUG ရဲ့ နောက်တစ်ဆင့်တိုးလာတဲ့ ဂျင်းက ၂၀၂၉ အထိဖြစ်သွားပြီ။ PDF အဖွဲ့ဝင်တချို့ကတော့ အသိမှန် အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း ရောက်ခဲ့ပါပြီ။ ကျန်နေတဲ့ နီပိန်း ပဒက် အကြမ်းဖက်သမားတွေလည်း ရှိတာပေါ့။
ရခီးထွန်းမြတ်နိုင်၊ ရခီးညိုထွန်းအောင်၊ ရခီးခံသုခ တို့ရဲ့ ဂျင်းဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဘာတဲ့ ရခီးခံသုခက ရခိုင်ပြည်နယ်ပြင်ပရောက် ရခိုင်တွေပါ ကာကွယ်ပေးမယ်ဆိုပြီး လေကြီးလေကျယ်တွေ ပြောခဲ့တယ်။ ရခိုင်ပြည်နယ် ပြင်ပရောက်သူတွေဟာ မင်းတို့နဲ့ ဝေးဝေးနေတဲ့အတွက် ဘေးကင်းပါတယ်။ မင်းတို့အလိုကျ မင်းတို့အတွက် သေပွဲဝင်ပေးနေတဲ့ AA အကြမ်းဖက်သမားလေးတွေ ထမင်းဝအောင် ကျွေးနိုင်ဖို့ စီစဉ်ပါအုံး။ လူငယ်တွေကို မူးယစ်ဆေးကျွေးပြီး သေပွဲဝင်ခိုင်းနေတဲ့ လုပ်ရပ်မျိုးကို မျိုးချစ်ရခိုင်တွေက လက်ခံနိုင်မယ် မထင်ပါဘူး။
မြန်မာပြည်တည်ငြိမ်အေးချမ်းပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ တည်ဆောက်နိုင်ဖို့ ခရီးAA အကြမ်းဖက်အဖွဲ့သာမက နိုင်ငံအဝှမ်းမှာ ရှိတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့မျိုးစုံကို နှိမ်နင်းရအုံးမှာ ဖြစ်ပါတယ်။ ငမိုက်သားတွေက ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာဖို့ ဖိတ်ခေါ်တာကို ငြင်းဆန်ပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်အတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် စစ်ရေးအရ နှိမ်နင်းရတာတွေလည်း ဆက်လုပ်နေရအုံးမှာပဲ ဖြစ်ပါတယ်။ စစ်ပွဲကို ဖန်တီးရင် အနိဋ္ဌာရုံပဲ မြင်ရပါလိမ့်မယ်။ အနိဋ္ဌာရုံ မြင်ကွင်းတွေ မမြင်လို မတွေ့လိုတော့ဘူးဆိုရင်တော့ အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ကြဖို့သာ ရှိပါတယ်။
နောင်
#News #Myanmar

No comments:
Post a Comment