အာရှဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၆ ခုနှစ် အကောင်းဆုံးဆုပေးပွဲ (AFC Awards Bangkok 2026) တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အခြေခံလူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးဆု (Bronze Award ) ဆွတ်ခူးရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အာရှဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၆ ခုနှစ် အကောင်းဆုံးဆုပေးပွဲ (AFC Awards Bangkok 2026) တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အခြေခံလူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးဆု (Bronze Award ) ဆွတ်ခူးရရှိ


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းကစတင်ကာကျင်းပနေသည့် အာရှဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၆ ခုနှစ် အကောင်းဆုံး ဘောလုံးဆုပေးပွဲ အခမ်းအနား (AFC Awards Bangkok 2026) တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် အခြေခံလူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက်  (AFC President's Recognition Award for Grassroots Football - Bronze) ကို ဆွတ်ခူးရရှိသွားပြီ ဖြစ်ပါသည်။ 

MFF အနေဖြင့် အမျိုးသား အမျိုးသမီး ဘောလုံး အကယ်ဒမီများ၊  ဒေသအလိုက် ဘောလုံးလေ့ကျင့်ရေး စင်တာများ၊ သင်တန်းသား ၁၇၀၀ တက်ရောက်ခဲ့သည့်  ဒေသအလိုက် နွေရာသီ အခမဲ့ ဘောလုံးသင်တန်းများ၊  လူငယ်မျိုးဆက်သစ် ရွေးချယ်ရေးနှင့် လူငယ်ဘောလုံးပွဲတော်များအား ၂၀၂၆ ခုနှစ်အတွင်း ရန်ကုန်သာမက အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ဆောင်ရွက်ခဲ့သည်။ 

အလားတူ ကျောင်းအခြေပြု Football For Schools လှုပ်ရှားမှုများသာမက FIFA Arena ကဲ့သို့ ကစားကွင်းသစ် ဖော်ထုတ်မှုများ၊ ယူ၁၂ အဆင့်မှ ယူ ၁၅ အဆင့်ထိ မျိုးဆက်သစ် ရှာဖွေဖော်ထုတ်ရေး စီမံကိန်းများအား  တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။


#Myanmar #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)