ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၆ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူမည့် Bago livestock census system application အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါက်တာအိဝေကျော်က တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရခြင်းမှာ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများ ထုတ်ပြန်နိုင်ရန်၊ နှစ်အလိုက် တိရစ္ဆာန်ကောင်ရေစာရင်း တိုးပွား/လျော့နည်းမှုများ သိရှိနိုင်ရန်နှင့် အကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများ သုံးသပ်ပြင်ဆင်နိုင်ရန် ကောက်ယူရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ (၁၆၈)ဦး တက်ရောက်ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ မေးခွန်းလွှာအား စာတွေ့၊လက်တွေ့ ရှင်းလင်းသင်ကြားပေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(နတ်တလင်း)
https://t.me/MyanmarNationalPost

No comments:
Post a Comment