နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက် လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက် လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်


မြန်မာနိုင်ငံတော်ဗဟိုဘဏ် က နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက် လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ (၆-၁၁-၂၀၂၆) ရက်နေ့ထုတ် နိုင်ငံတော်ပိုင်သတင်းစာများမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

နေ့စဉ် နိုင်ငံတော်အတွက် လိုအပ်သော ကုန်စည်များအတွက် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်၊ အိန္ဒိယရူပီးတို့ကို FX Online Trading Platform တွင် AD လိုင်စင်ရ ဘဏ်များမှ တစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးလျက်ရှိပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် Website နှင့် နေ့စဉ်နိုင်ငံပိုင်သတင်း စာများတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီလမှ ယနေ့အထိ FX Online Trading Platform နှင့် AD လိုင်စင်ရဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ (၂,၂၂၁.၂) သန်း၊ တရုတ်ယွမ် (၁,၉၀၇.၁)သန်း၊ ထိုင်းဘတ်(၆,၇၁၂.၈) သန်း၊ အိန္ဒိယရူပီး(၇၄.၅) သန်းခန့်တို့အား သွင်းကုန်လုပ်ငန်းရှင် များသို့ ရောင်းချပေးခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့်လည်း စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ (၁,၇၀၃) သန်းခန့်အား ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တရားဝင်ငွေလဲလှယ်နှုန်းများကို ဗဟိုဘဏ် Website တွင် နေ့စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိ သဖြင့် Money Changer များတွင်လည်းကောင်း၊ ဘဏ်နှင့် Customer များအကြားတွင် လည်းကောင်း ဝယ်ယူရောင်းချခြင်းများအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ် ထုတ်ပြန်ထားသော နိုင်ငံခြားငွေလဲလှယ်နှုန်းများဖြင့် လိုက်နာဆောင်ရွက်ရန် ညွှန်ကြား ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ 

သို့ပါ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပေးထားသည့် တရားဝင် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းတို့ကို ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရပါကလည်းကောင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူခြင်း၊ ရောင်းချခြင်းမပြုပါကလည်းကောင်း နိုင်ငံခြား ငွေလဲလှယ်နှုန်းတည်ငြိမ်မှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲမှုဥပဒေနှင့် တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်။


#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)