နေပြည်တော်၊ နိုဝင်ဘာ ၁၇
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှ ပညာရေးဘွဲ့သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ၏ ဩဝါဒခံယူပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy၌ ကျင်းပပြုလုပ်သည်။
နိုင်ငံတော်သမ္မတက ဆရာ၊ဆရာမများ အနေဖြင့် လုပ်ငန်းခွင်ရောက်ရှိသည့်အခါ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် သင်ကြားရေးအတွေ့အကြုံများ မြှင့်တင်ရေး၊ ကျောင်းသားဗဟိုပြု သင်ကြားသင်ယူမှု အကောင်အထည်ဖော်ရေး၊ ဆရာ့ကျင့်ဝတ်နှင့် စံနမူနာကောင်းများ ထိန်းသိမ်းရေး၊ လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ယူမှုရှိရေး၊ ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ လေးစားလိုက်နာရေးစသည့် အချက်(၅)ချက်ကို အထူးအလေးထားလိုက်နာ ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ထို့ပြင် “ဆရာကောင်းမှ တပည့်ကောင်းမည်၊ တပည့်ကောင်းမှ လူ့အဖွဲအစည်းကောင်းမည်၊ လူ့အဖွဲအစည်းကောင်းမှ အနာဂတ်ကောင်းကိုတည်ဆောက်နိုင်မည်”ဟူသည့် ယုံကြည်ချက်ဖြင့် ပညာရေးတာဝန်များကို ဂုဏ်ယူစွာ၊ ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
#Myanmar #News







No comments:
Post a Comment