မြန်မာ့အာမခံလုပ်ငန်းက ဘက်စုံပို့ဆောင်ရေးလုပ်ငန်းရှင်များ တာဝန်ရှိမှု အာမခံအမျိုးအစားအသစ် မိတ်ဆက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့အာမခံလုပ်ငန်းက ဘက်စုံပို့ဆောင်ရေးလုပ်ငန်းရှင်များ တာဝန်ရှိမှု အာမခံအမျိုးအစားအသစ် မိတ်ဆက်


 ရန်ကုန်၊ နိုဝင်ဘာ ၁၄

ကုန်စည်ပို့ဆောင်စဉ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုနှင့် ထိခိုက်ပျက်စီးမှုများအတွက် လုပ်ငန်းရှင်များ၏ ဥပဒေကြောင်းအရပေးလျော်ရန် တာဝန်ရှိမှုကို အကာအကွယ်ပေးနိုင်မည့် ဘက်စုံပို့ဆောင် ရေးလုပ်ငန်းရှင်များတာဝန်ရှိမှု အာမခံအမျိုးအစားအသစ်ကို မြန်မာ့အာမခံလုပ်ငန်းက ယမန်နေ့က ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာ့အာမခံလုပ်ငန်းရုံး၌ မိတ်ဆက်သည်။

သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်လျှောက်တွင် ကုန်ပစ္စည်းပျောက်ဆုံး/ ပျက်စီးမှုများ၊ ခိုးယူခံရမှုများနှင့် စာချုပ်ပါတာဝန်ပျက်ကွက်မှုများကြောင့် ကုန်ပစ္စည်းပိုင်ရှင်များထံသို့ ဥပဒေကြောင်းအရ ပေးလျော်ရန်တာဝန်များ ဖြစ်ပေါ်လေ့ရှိသည်။ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်သူများသည် လုပ်ငန်းဆောင်ရွက်စဉ်အတွင်း ဘက်စုံပို့ဆောင်ရေးလုပ်ငန်းရှင်များ၏ မတော်တဆမှုများကြောင့် သယ်ယူပို့ဆောင်ပေးရသည့် ကုန်ပစ္စည်းများ ထိခိုက်ပျက်စီးမှုများရှိလာပါက Bill of Lading ပါ တာဝန်အတိုင်းပေးလျော်ရသည့် အာမခံအမျိုးအစားဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးကျော်လွင်ဦးက “မြန်မာ့အာမခံလုပ်ငန်းက လုပ်ငန်းရှင်တွေအတွက် limited liability လို့ခေါ်တဲ့ အကာအကွယ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ့် အခြေအနေဖြစ်လာတာပါ။ ပို့ကုန်/ သွင်းကုန် ကုန်ပစ္စည်းတွေရောင်းတဲ့ အခါ Cargo Insurance ဝယ်ပြီးလုပ်ရသလို၊ logistics ကဏ္ဍမှာလည်း service provider တွေအနေနဲ့ လုပ်ဆောင်နေတဲ့ ဝန်ဆောင်မှုတွေအပေါ် အကာအကွယ်လိုအပ်ပါတယ်။ Cargo Insurance နဲ့ Limited Liability ကို ရောထွေးတတ်ကြပါတယ်။ Cargo Insurance က exporter နဲ့ importer တွေအတွက်ဖြစ်ပြီး Limited Liability ကတော့ logistics service provider တွေအတွက် အကာအကွယ်ဖြစ်ပါတယ်။ ဒီနှစ်ခုက လုံးဝမတူပါဘူး။ Limited Liability ဆိုတာ အကန့်အသတ်ရှိသော တာဝန်ယူမှု တာဝန်ခံမှုဖြစ်ပါတယ်။ Logistics service provider တွေအနေနဲ့ကုန်တွေကို သယ်ယူပို့ဆောင်တဲ့အခါ လမ်းမှာပစ္စည်းတွေ ပျက်စီးတာ၊ ဆုံးရှုံးတာ၊ လျော့နည်းတာတွေ ရှိနိုင်ပါတယ်။ ကုန်ပစ္စည်းတွေအတွက် Cargo Insurance ရှိပေမယ့် လုပ်ငန်းလုပ်ကိုင်တဲ့ အစနဲ့အဆုံးမှာ ဖြစ်ပေါ်လာတဲ့လေလွင့်မှု၊ ဆုံးရှုံးမှု၊ ပျက်စီးမှုတွေအတွက် အကာအကွယ်ပေးတာက Limited Liability ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် service provider တွေအနေနဲ့ ပစ္စည်းတွေသယ်ရင်း ပျက်စီးဆုံးရှုံးသွားရင် ရိုးရာအရ ညှိနှိုင်းဖြေရှင်းကြရပြီး တစ်ခါတလေ customer နဲ့ ဆက်ဆံရေးပါ ပျက်သွားတဲ့အထိ ရှိတတ်ပါတယ်။ အဓိကက နောက်ကွယ်မှာ Limited Liability မရှိလို့ပါ၊ အခုလို ကုန်ပစ္စည်းကို တာဝန်ယူသယ်ဆောင်ပေးတဲ့အခါ Waybill ထုတ်ပေးပြီး customer နဲ့အကြားမှာ terms and conditions (Back clause) တွေနဲ့ တာဝန်ယူမှုတာဝန်ခံမှုတွေကို စနစ်တကျကန့်သတ် ချုပ်ဆိုထားပါတယ်။ နောက်ပိုင်းမှာ ပြဿနာတစ်စုံ တစ်ရာဖြစ်လာခဲ့ရင် customer နဲ့ တိုက်ရိုက်ရှင်းရမယ့်အစား Limited Liability ရဲ့ underwriter တွေကနေတစ်ဆင့် နစ်နာဆုံးရှုံးမှုတွေကို စနစ်တကျဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ အမှားအယွင်းတွေအတွက် ဒီလိုအာမခံစနစ်ရှိလာခြင်းအားဖြင့် နောင်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေဟာ ပိုပြီး professional ဖြစ်လာမှာဖြစ်ပါတယ်” ဟု ဆိုသည်။

ယနေ့မိတ်ဆက်သည့် အာမခံအမျိုးအစားအသစ်ကို မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင် (Myanmar International Freight Forwarder Association- MIFFA)တို့ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ပြီး နိုဝင်ဘာ ၁၃ ရက်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း၊ စတင်ရောင်းချသည့်နေ့မှ စမ်းသပ်ကာလ ခြောက်လသတ်မှတ်၍ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MIFFA)တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်ကြီး

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)