မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးက ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးက ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း






အော်တာဝါမြို့၊ အောက်တိုဘာ ၂

 ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် (တနင်္ဂနွေနေ့) တွင် အော်တာဝါမြို့ရှိ Ottawa Masonic Center ၌ Hilda Jayewardenaramaya ဗုဒ္ဓဘာသာကျောင်းတိုက် နှင့် Buddhist Congress of Canada တို့ ပူးပေါင်း ကျင်းပသည့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးနှင့် သံရုံး ဝန်ထမ်းများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သံဃာတော်များအား ရိုသေကြည်ညို စွာ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့ပြင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဗုဒ္ဓဘာသာ ဝင်များနှင့် အလှူရှင်များကလည်း ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခြင်း၊ သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များ နာယူခြင်းနှင့် အခြားသော ကုသိုလ်ကောင်းမှုများကို စုပေါင်းပြုလုပ်ခဲ့ကြသည်။

ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသည် ဗုဒ္ဓဘာသာဝင်များအတွက် မြတ်နိုးတန်ဖိုးထား သည့် ဘာသာရေးအခမ်းအနားတစ်ခုဖြစ်ပြီး ကနေဒါနိုင်ငံရှိ မြန်မာဗုဒ္ဓဘာသာဝင်များနှင့် အခြားဗုဒ္ဓ ဘာသာဝင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေသည့် အခမ်းအနား တစ်ခုလည်း ဖြစ်သည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)