လွိုင်ကော်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လွိုင်ကော်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်




လွိုင်ကော်၊ နိုဝင်ဘာ ၁၆

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လိုက်ပါလျက် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု၊ တစ်သျှူးငှက်ပျောစိုက်ပျိုးထားမှု၊ မြေယာရှုခင်းလုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်ရေး ကျောက်စီရေမြောင်း တည်ဆောက်နေခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် နောင်ယား (က) ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် (၁၄၀ပေ x ၃၀ ပေ) RC သုံးထပ်စာသင်ဆောင်အသစ်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်၍ ကျောင်းဝင်းအတွင်း တစ်သျှူးငှက်ပျောပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အပင်များ သေဆုံးမှုမရှိစေရေး၊ သေဆုံးပါက အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ကျောင်းဝင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းအဆောက်အအုံများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးဖျက်သိမ်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကန္ဒရဝတီလမ်းမကြီးတစ်လျှောက် ဆောင်ရွက်လျက်ရှိသည့် ပန်းခြံအမှတ် (၁) (၂) နှင့် (၃) တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများလာရောက်အပန်းဖြေ အနားယူနိုင်ရန်အတွက် ပန်းအလှပင်များစိမ်းလန်းစိုပြည်စေရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့တွင်းလမ်း၊ ကန္ဒရဝတီလမ်း (အမှတ် ၁၁ လမ်းမှ အမှတ် ၁၉ လမ်းအတွင်း) ၅၀၀ မီတာအရှည် ၀ ဒသမ ၇၆ မီတာအကျယ်လမ်းဘေးဝဲယာ ကျောက်စီရေမြောင်းတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။


#Myanmar #News



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)