ရန်ကုန်၊ နိုဝင်ဘာ ၄
မြန်မာနိုင်ငံ သစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် Myanmar Furniture Exhibition 2026ပြပွဲကို ယမန်နေ့က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့ နယ်၊ ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်ရှိ (WYNDHAM GRAND HOTEL)၌ ကျင်းပသည်။
ဦးစွာ မြန်မာ့ပရိဘောဂပြပွဲကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ အကြံပေး ဒေါက်တာမျိုးသက်၊ မြန်မာ့သစ်လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးထိန်းလင်းအောင်၊ မြန်မာ နိုင်ငံသစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်း နာယက ဦးကျော်ကျော်ဝင်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသည့် အရည်အသွေးမြင့် ပရိ ဘောဂနှင့် သစ်သားဆေး/ သစ်သားအလှဆင်နည်းပညာဆိုင်ရာ Sirca Wood Deiwi ရဲ့လက်ရာဆန်းများ၊ အိမ်ဂေဟာနှင့် ရုံးခန်းအတွင်း အလှဆင်မှုများအတွက်အရည်အသွေးမြင့် ပရိဘော ဂများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြပွဲကို ပြည်တွင်းလုပ်ငန်းရှင်(၉)ခုမှ ပြခန်းပေါင်း(၂၆)ခန်းတို့ဖြင့် နိုဝင်ဘာလ (၄) ရက်နေ့မှ (၈) ရက်နေ့အထိ (၅ )ရက်တိုင်တိုင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#News #Myanmar






No comments:
Post a Comment