ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်မြို့ရှိ ဓာတုပစ္စည်းစီမံခန့်ခွဲရေးဗဟိုဌာန ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်မြို့ရှိ ဓာတုပစ္စည်းစီမံခန့်ခွဲရေးဗဟိုဌာန ကြည့်ရှုစစ်ဆေး


 နေပြည်တော်၊ နိုဝင်ဘာ ၉

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဓာတုပစ္စည်းစီမံခန့်ခွဲရေးဗဟိုဌာနကို ၇-၁၁-၂၀၂၆ရက်နေ့က စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံ့စက်မှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ဓာတုပစ္စည်းစီမံခန့်ခွဲရေးဗဟိုဌာနက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အကျိုးရှိထိရောက်အောင် ထိန်းချုပ်စီမံခန့်ခွဲခြင်းဖြင့် ပြည်သူများအား စက်မှုလုပ်ငန်းများမှ ဓာတုပစ္စည်းဆိုင်ရာ ဘေးအန္တရာယ်ဆိုးကျိုးများမှ ကာကွယ်ရန်၊ နိုင်ငံ့ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ဂေဟစနစ်တို့အပေါ် မလိုလားအပ်သည့် ထိခိုက်မှုများလျော့နည်းပပျောက်အောင် အလေးထားဆောင်ရွက်ကြရန်၊ ဓာတ်ခွဲခန်းများကို အရည်အသွေးမြင့်မားကာ စံချိန်စံညွှန်များနှင့် ကိုက်ညီမှုရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန်၊ ကွင်ဆင်းစစ်ဆေးသူများအနေဖြင့် သတ်မှတ်အရည်အသွေး အသိအမှတ်ပြုလက်မှတ်များရရှိရေး ဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းအား ISO/ IEC 17025 ရရှိရေးအတွက် ဆောင်ရွက်သွားရန်၊ နည်းပညာမြင့်စက်ပစ္စည်းများအား စီမံချက်အတိုင်း ဖြည့်တင်းပြီး လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များအား ပျိုးထောင်ဆောင်ရွက်သွားရန်၊ ပုဂ္ဂလိကစက်မှုနှင့် MSMEs လုပ်ငန်းရှင်များ သင်တန်းများဖွင့်လှစ်ခြင်း၊ အသိပညာပေးပွဲများ ကျင်းပခြင်းနှင့် နိုင်ငံတကာ သုတေသနလုပ်ငန်းများကို ဆက်စပ်ဌာနများနှင့်ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာများ မှာကြားပြီး ဓာတ်ခွဲခန်းများနှင့် Chemical Reagent Storage၊ Waste Management System (Chemical Management Center) တွင် ကြည့်ရှုစစ်ဆေးကာ သတ်မှတ် SOP များအတိုင်း ဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)