ဒဂုံအရှေ့ ၊ နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်းပိုင်း)မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က သင်တန်းဆင်း အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ဆုရရှိသူများအား အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင်က သင်တန်းသားများအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ် များပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို သင်တန်းသား(၅၀)ဦးဖြင့် နိုဝင်ဘာလ ၂ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့ထိ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ
https://t.me/MyanmarNationalPost

No comments:
Post a Comment