ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဖျာပုံမြို့နယ်ရှိ နောင်တော်ကြီးဆိုလာစနစ် ရေတင်စီမံကိန်းဖြင့် နွေစပါးစိုက်ဧက(၁၀၀)အား ရေပေးဝေသွားမည့်အခြေအနေအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဖျာပုံမြို့နယ်ရှိ နောင်တော်ကြီးဆိုလာစနစ် ရေတင်စီမံကိန်းဖြင့် နွေစပါးစိုက်ဧက(၁၀၀)အား ရေပေးဝေသွားမည့်အခြေအနေအား ကြည့်ရှုစစ်ဆေး


Uploading: 1826276 of 1826276 bytes uploaded.

ပုသိမ် ၊  နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ နောင်တော်ကြီးကျေးရွာ၌ နောင်တော်ကြီး ဆိုလာရေတင်စီမံကိန်းဖြင့် နွေစပါးစိုက်ဧက(၁၀၀)ကို ဆိုလာ ၄၈ ကီလိုဝပ်၊ ရေပေးမြောင်း (၃၁၂၀)ပေဖြင့် ရေပေးဝေဆောင်ရွက် စိုက်ပျိုးသွားမည့်အခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) တိုင်းဦးစီးမှူးက နောင်တော်ကြီး ဆိုလာရေတင်စီမံကိန်းဧက(၁၀၀)တွင် ဆိုလာစွမ်းအင်သုံး ရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရေပေးမြောင်းနှင့် ရေထုတ်ပေါက်များ ဆောင်ရွက်ထားရှိမှုများ၊ ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးနိုင်မှုကြောင့် တောင်သူများအတွက် စက်သုံးဆီ သက်သာမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေဆောင်ရွက်နိုင်မှုနှင့် ဆိုလာချပ်များတပ်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ မိုးစပါးရိတ်သိမ်းထွက်ရှိမှု၊ စပါးဈေးရရှိမှုနှင့်တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ အရည်အသွေးကောင်းမွန်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့နိုင်သည့် စိုက်ပျိုးသီးနှံများ ဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မိုးစပါးရိတ်သိမ်းချိန်နှင့် နွေစပါးစိုက်ပျိုးရန်အတွက် ထွန်ယက်ရာတွင် တောင်သူများ စက်သုံးဆီလုံလောက်စွာ ရရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်၊ ဆိုလာရေတင်စီမံကိန်းသည် တောင်သူများအတွက် စိုက်ပျိုးရေဖူလုံစေရေး၊ စိုက်ပျိုးစရိတ်လျှော့ချနိုင်ရေးနှင့် သီးနှံစိုက်ပျိုးမှု တိုးချဲ့နိုင်ရေးတို့အတွက် အထောက်အကူပြုသည့်အတွက် စီမံကိန်းရေရှည်တည်တံ့စေရေးကို ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့်လည်း တောင်သူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)