ကန်ချနဘူရီ၊ နိုဝင်ဘာလ ၁၃
ထိုင်းရောက် မြန်မာအလုပ်သမားအတွက် နှစ်နိုင်ငံအစိုးရ ညှိနှိုင်းဆောင်ရွက်ပေးနေသည့် CI ထုတ်ပေးရေးလုပ်ငန်းစဉ်များကို ဆန့်ကျင်ကန့်ကွက်မှုများ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်လှုံ့ဆော်သူ ဆူရတ် အား ယနေ့ နိုဝင်ဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီအချိန်က ကန်ချနဘူရီရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကန်ချနဘူရီခရိုင်တရားရုံးက နိုဝင်ဘာလ ၇ ရက်တွင် မှတ်ပုံတင် စာရွက်စာတမ်း အလွဲသုံးစားပြုလုပ်ခဲ့သည့် စွပ်စွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် အကြမ်းဖက်လှုံ့ဆော်သူ ဆူရတ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဆူရတ်ကို ထိုင်းနိုင်ငံသားမဟုတ်သည့် အိမ်ထောင်စုစာရင်း၊ (သို့မဟုတ်) မှတ်ပုံတင် စာရွက်စာတမ်းများ ပြုလုပ်ခဲ့ရာတွင် မမှန်မကန် ထွက်ဆိုချက်များနှင့် သက်သေများ တာဝန်ရှိသူများထံ တင်ပြခဲ့သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။
အဆိုပါ အမှုသည် တရားရုံးက ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်နိုင်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်လှုံ့ဆော်သူ ဆူရတ်ဂျ်ဂီရီကို ကန်ချနဘူရီမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ဆူရက်ဂျ်ဂီရီ နှင့်အတူ ACC မှ အကြမ်းဖက်သမား ရဲ့မင်း နှင့် လှခိုင်တို့သည်လည်း အလုပ်သမားများ CI မပြုလုပ်ရေး လှုံ့ဆော်နေကြသူများ ဖြစ်သည်။
#News #Myanmar



No comments:
Post a Comment